ep 24

724 52 47
                                    

   တစ်ပတ်ဆိုတဲ့အချိန်ကို ကုန်လွန်လို့ ဒီနေ့ဆို ထယ်ယောင်းရဲ့ လက်ထက်ပွဲနေ့ကိုရောက်လို့လာလေပြီ  ရင်ထဲမှာ ဒဏ်ရာကိုယ်ဆီအကြောင်းပြချက်ကိုယ်ဆီနဲ့ ကာယံကံရှင်တွေက ပျော်မနေကြပေမဲ့ အလှပဆုံးပြုံးထားကြပါတယ်

      ထယ်ယောင်း အဝတ်လဲခန်းထဲ ထိုင်နေရင်း ဒီမင်ဂလာပွဲ ပြီးတဲ့အခါသူနဲ့ kookie တို့က သူစိမ်းတွေလို ဖြစ်သွားတော့မဲ့အကြောင်းကို ထိုင်တွေးနေမိသည် kookie လေးကရှေ့လျှောက် ကိုကို့ကိုမေ့ပစ်နိုင်မို့ သီချင်းတွေကိုအဖော်ပြုနိုင်ပေမဲ့ kookie မဟုတ်တဲ့တခြားတစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကိုကို ဘယ်လိုနေရမလဲ ကလေးငယ်ရယ်

     ပြီးတော့ appa ကတကယ်ကိုအကွက်ကျကျနဲ့ ကိုကို့ကို kookie ဘဝထဲကနေ အဝေးဆုံးကိုပို့မို့စီစဥ်ခဲ့တာဘဲ အစကတော့ အိမ်ခွဲနေမို့ကိစ္စကိုဘားမှမပြောခဲ့ပေမဲ့ ထယ်ယောင်းဘက်က kookie ကိုချစ်နေကြောင်းဝန်ခံပြီးနောက်မှာ appa က ထယ်ယောင်းတို့မင်လာဆောင်ပြီးရင်နေမို့ တိုက်တလုံးလက်ဖွဲ့မယ်လို့ ပြောလာခဲ့တယ်

    တပြင့်လူတွေကတော့သူ့သားအတွက်ဒီတိုင်းလက်ဖွဲ့ပေးတယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းတော့ appa က kookie နဲ့သူ့ကိုတအိမ်ထဲမှာမထားချင်တော့လို့ အခုလိုလုပ်တယ်ဆိုတာ ထယ်ယောင်းကောင်းကောင်းသိတာပေါ့ ဒါပေမဲ့လဲ ထယ်ယောင်း appa အပေါ်အပစ်မမြင်ပါဘူးလေ  ထယ်ယောင်းတို့အိမ်ခွဲနေမဲ့ကိစ္စကို ကလေးငယ်ကသဘောမကြပေမဲ့ appa စီစဥ်တာမို့ ဘားမှတော့သူဝင်မပြောခဲ့ပါ  omma ကတော့ ထယ်ယောင်းတို့ကို အိမ်ခွဲထားမယ်ပြောလို့ appa နဲ့ ၃ ရက်လောက် စကားမပြောဘဲ စိတ်ကောက်ခဲ့တယ်တဲ့ လေ

နောက်ဆုံး ထယ်ယောင်းက ချော့ပြောတော့မှဘဲ appa နဲ့စကားပြန်ပြောခဲ့တာ ဒီကိစ္စနဲ့ပတ်သတ်ပြီးထယ်ယောင်းကိုယ်တိုင်လဲ စိတ်မကောင်းဖြစ်ရပေမဲ့ ပြန်စဥ်းစားကြည့်ပြန်တော့လဲ အခုလိုလုပ်တာတစ်ခုကောင်းပါတယ်လေ မဟုတ်ရင် သူဘယ်လိုလုပ် ကလေးငယ်အရှေ့မှာ တစ်ခြားသူတစ်ယောက်နဲ့ ပျော်ရွှင်စွာနေပြရမှာလဲ kookie ရဲ့မျက်နှာကိုမြင်တိုင်း သူကလေးကို အားနာနေရမှာလေ အခုလိုသူတို့ကိုမြင်မနေရတော့ ကလေးငယ်လဲ နည်းနည်းတော့ စိတ်ဖြေလို့ရမှာပေါ့

My Little Brother(Complete) Where stories live. Discover now