Chapter - 59

16.5K 720 73
                                    

မုဒြာအခန်းထဲဝင်လိုက်တော့ မီးပိတ်ထားပြီး ဖယောင်းတိုင်မီးတွေထွန်းညှိထားတာကို တွေ့လိုက်ရသည် ။ ဧကရာဇ်မောင်က ကုတင်ပေါ်မှာထိုင်စောင့်နေပြီး မုဒြာဝင်လာတာမြင်တော့ ထလာသည် ။ အပြင်အဆင်တွေက ထူးခြားနေ၍ မုဒြာအံ့ဩတကြီးကြည့်နေမိသည် ။

သူကအခန်းတံခါးကိုလော့ချလိုက်ပြီး ကြောင်ကြည့်နေတဲ့ မုဒြာရဲ့အရှေ့မှာ ဒူထောက်ကာ ထိုင်ချလိုက်သည် ။

" ဒါ … ဒါက ဘာလုပ်တာလဲ "

" ကိုယ်ဒီနေ့လုပ်ခဲ့တာတွေက ကပျက်ကချော်နိုင်နေတာမို့ ကိုယ်အတည်ခွင့်ပန်ချင်တယ် "

" …… "

ဧကရာဇ်မောင်က တိတ်ဆိတ်နေတဲ့မုဒြာရဲ့မျက်ဝန်းလေးတွေကို အသေအချာစိုက်ကြည့်ကာ ပြောလာသည် ။

" ကိုယ် မင်းကိုချစ်တယ် … ကိုယ့်နှလုံးသားထဲကနေပြီး မင်းကိုမြတ်မြတ်နိုးနိုးနဲ့ကိုချစ်တာ … ပုန်းကွယ်နေခဲ့တဲ့ကိုယ့်အချစ်တွေအားလုံးကို မင်းအတွက်ကိုယ်နည်းမျိုးစုံနဲ့ထုတ်ပြချင်တယ် … မင်းကိုယ့်အချစ်ကို လက်ခံလာမဲ့အချိန်ထိ ကိုယ့်ချစ်တဲ့အကြောင်းတွေ ဖွင့်ပြောမယ် "

" ထ … ထတော့ … အဲ့ဒါပြောဖို့ကို ဘာလို့ အခန်းထဲမှာ ဒီလိုတွေပြင်ဆင်ထားရတာလဲ "

မုဒြာသတိမရတာကိုမြင်တော့ ဧကရာဇ်မောင် အနည်းငယ် စိတ်မကောင်းဖြစ်မိသည် ။ သူက မုဒြာရဲ့လက်လေးကို ဆွဲယူလိုက်ပြီး လက်ဖမိုးနုနုလေးကို အနမ်းပေးကာ မုဒြာရဲ့လက်ဖဝါးလေးပေါ် သူ့ရဲ့ပါးပြင်ကိုအပ်လိုက်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့အသံဖြင့် ပြောလာသည် ။

" မင်းမေ့သွားပြီလား … ဒီနေ့က ကိုယ်တို့ရဲ့ ၉ နှစ်ပြည့် Anniversary လေ "

မုဒြာနှလုံးခုန်သံတွေမြန်ဆန်လာပြီး ပါးများပင်နီလာသည် ။ ဧကရာဇ်မောင်ရဲ့ ခုလိုအပြုအမူတွေက မုဒြာအပေါ်သက်ရောက်မှုရှိသည် ။ သူတို့ရဲ့နှစ်ပတ်လည်နေ့တိုင်းမှာ အမြဲသတိရနေသူက မုဒြာဖြစ်ပြီး အခန်းထဲမှာ ခုလိုအပြင်အဆင်တွေနဲ့ ညသန်ခေါင်ထိထိုင်စောင့်နေခဲ့ပေမဲ့ ဧကရာဇ်မောင်ကတော့ ရောက်မလာခဲ့ပေ ။ ဒီလေးနှစ်အတွင်းမှာ မုဒြာနှစ်ပတ်လည်နေ့တွေကို ကြိုးစားကာမေ့ပျောက်ထားခဲ့သည် ။ ဒါကြောင့်ဒီနေ့က နှစ်ပတ်လည်နေ့ဆိုတာကို မုဒြာခုမှပြန်မှတ်မိသွားခဲ့သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now