2(uni)

447 14 0
                                    

Unicode

"ဟလို ဟုတ်မာမီကျွန်တော်အင်္ဂါနေ့ပြန်လာမှာလာမကြိုခိုင်းနဲ့တော့ရတယ် နှင်းကိုကျွန်တော်ဖုန်းဆက်ထားတယ်သူကလာကြိုပေးမယ်တဲ့ ဟုတ်ချစ်တယ်မာမီ"

သူဒီကိုပညာတော်သင်လာတာလေးနှစ်ရှိသွားပီအခုတော့ပြန်ရတော့မှာဘဲ၊ပစ္စည်းတွေသိမ်းနေရင်းဓာတ်ပုံလေးတစ်ခုသူတွေ့လိုက်မိသည်။သူတို့ဘွဲ့ယူတုန်းက နှင်းနဲ့သူရဲ့မောင်လေးနဲ့သူနဲ့အတူတွဲရိုက်ထားတဲ့ပုံဖြစ်သည်။

"ဖက်တီးလေးတောင်အခုချိန်ဘယ်လိုများဖြစ်နေမလဲအရင်တုန်းကလိုဝနေတုန်းလား"

သူပြုံးလိုက်မိသည်။သူ့ကိုယ်သူတောင်ပြုံးလိုက်မှန်းသတိမထားမိလောက်ဘူး

တနင်္လာနေ့ည.....
"အငယ်လေးမနက်ဖြန်အတန်းရှိလား"

သူတို့အိမ်ရှေ့မှာ TV ကြည့်နေရင်းနှင်းခကမေခကိုမေးလိုက်သည်။

"ရှိတယ်လေမမငယ်ဘာလို့လဲ"

"မမ မနက်ဖြန်ဟိန်းခန့်ကိုသွားကြိုမလို့အဲ့တာအဖော်မရှိလို့လေ"

"မေကအနက်ပိုင်းမအားဘူးညနေကျမှအားမှာ"

"မောင်လေးကိုခေါ်သွားလိုက်လေသမီးလတ်သူလဲအားနေတာဘဲ"

"မေမေကလဲကျွန်တော်ကမနက်ဖြန်မမငယ်ရဲ့ဆိုင်ကိုသွားစောင့်ပေးရမှာလေ ပီးတော့အလုပ်လဲရှာရအုံးမယ်"

"သမီးလတ်ရဲ့ဆိုင်ကမနက်ပိုင်းပိတ်မှာလေသားမသိဘူးလား"

  မေမေစကားကြောင့်ကျွန်တော်မမငယ်ကိုကြာ့်လိုက်မိတော့မမငယ်ကခေါင်းညိတ်ပြသည်။ကျွန်တော်မလိုက်ချင်လို့မဟုတ်ပေမဲ့မတွေ့တာကြာတဲ့သူနဲ့ပြန်တွေ့ရမှာဆိုတော့ရင်တေခုန်ပီးမတွေ့ရဲဘူးဖြစ်နေလို့ကျွန်တော်မလိုက်ဖို့ငြင်းခြင်းဖြစ်သည်။

"လိုက်ခဲ့လိုက်နော်မောင်လေးမမ မနက်ဖြန်မုန့်ဝယ်ကျွေးမယ်လေပီးတော့မနသူငယ်ချင်းတေဆီမှာလဲအလုပ်ခေါ်လားမေးပေးမယ် လိုက်မယ်မလားဟင်"

မမငယ်ကသူ့ကိုသနားစရာကောင်းတဲ့မျက်နှာလေးနဲ့ကြည့်နေလေသည်။

"ဟုတ်ဒါဆိုလဲလိုက်ခဲ့မယ်လေဘယ်နာရီသွားမှာလဲ"

"သူ့ဘက်ကကွင်းချိန်းက၈နာရီဆိုတော့၈နာရီခွဲမှသွားကြမယ်လေ"

Crush နဲ့နီးဖို့....Donde viven las historias. Descúbrelo ahora