6(uni)

288 12 6
                                    

Unicode

မင်းခ မနေ့ကမမငယ်ကကိုကိုတို့ဆီကအလုပ်ခေါ်တယ်ဆိုလို့အခု Hein Group ကိုရောက်နေတာဖြစ်လေသည်။သူဒီအလုပ်ကိုရချင်သည်။အလုပ်လဲရပီးကိုကို့ကိုအမြဲတမ်းတွေ့နိုင်မည့်အခွင့်အရေးမို့လို့ပင်။

"အမကျွန်တော်အတွင်းရေးမှူးရဲ့အကူခေါ်တယ်ဆို့လို့အလုပ်လာလျှောက်တာပါ အဲ့တာဘယ်ကိုသွားရမလဲဟင်"

"အော်၁၅ထပ်ကိုသွားလိုက်ပါနော်"

"ဟုတ်ကျေးဇူးပါအမ"

မင်းခလဲဝန်ထမ်းအမပြောတဲ့၁၅ထပ်ကိုတက်လာလိုက်သည်။မင်းခသည်ဝန်ထမ်းကတ်မရှိသေးတဲ့အတွက်ရိုးရိုးလေကားနဲ့ဘဲတက်လာရသည်။

"အမ အလုပ်လာလျှောက်တာပါဗျ"

"အေးလာထိုင်ဒါနဲ့ကျောင်းတော့ပြီးပီနော်"

"ဟုတ်ပြီးပါပီဗျ"

"အင်းငါ့နံမည်ကမာလာ ceoရဲ့အတွင်းရေးမှူးနင်ကငါ့အကူလုပ်ရမှာနံမည်က"

"မင်းခပါဗျ"

"အသက်ကရော"

"၂၂ပါ"

"အင်းမနက်ဖြန်အလုပ်လာလိုက်တော့နင်ကငါ့အကူဆိုတော့အမြဲတမ်းဝန်ထမ်းဝတ်စုံဝတ်စရာမလိုဘူးအစည်းအဝေးရှိတဲ့နေ့နဲ့အရေးကြီးတဲ့နေ့လောက်ဘဲဝတ်စရာလိုတာ ဝန်ထမ်းကတ်ကတော့မနက်ဖြန်မှပေးမယ်"

"ဟုတ်အမဒါနဲ့ကတ်မရှိရင် lift နဲ့ကတက်လို့မရဘူးမို့လား"

"ဟုတ်သားဘဲငါမေ့သွားတာ ရော့ဒီကတ်ခနယူထားလိုက်"

"ဟုတ်ကျေးဇူးပါဗျ"

__________________________

မင်းခမနက်ရောက်တော့အလုပ်သွားရမှာမို့လို့အစောကြီးထပီးပြင်ဆင်နေသည်။သူတက္ကသိုလ်တက်တုန်းကဝတ်နေကျအတိုင်းဘဲဝတ်လိုက်သည်။

"မေမေ ကျွန်တော်အလုပ်သွားတော့မယ်နော်"

"အေးအေးသားဂရုစိုက်ပီးသွားနော်ထမင်းလဲပုံမှန်စားအုံး"

"ဟုတ်ကဲ့ပါမေမေချစ်တယ်နော်"

ဝန်ထမ်းတွေကိုကုမ္ပဏီကနေ့လည်စာကျွေးတာမို့လို့ထမင်းချိုင်တော့ထည့်သွားစရာမလိုပေ။ကားကတော့မင်းခကအလုပ်သင်ဘဲရှိသေးလို့ကုမ္ပဏီကကားနဲ့မလိုက်သေးပေ။

Crush နဲ့နီးဖို့....Where stories live. Discover now