13(uni)

251 9 2
                                    

    Unicode

ဒီနေ့ဖေဖေပြန်ရောက်တာနဲ့အိမ်မှာလူစုံနေသည်။မမကြီးတို့ကလဲအိမ်မှာရောက်နေကြသည်။ထမင်းအတူတူစားကြပီးတော့ဧည့်ခန်းမှာထိုင်ပီးစကားပြောနေကြလေသည်။

"သားငယ်အလုပ်ကရောအဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်ဖေဖေ"

"အင်းကောင်းတာပေါ့ သမီးငယ်ကရောစာတွေလိုက်နိုင်ရဲ့လား"

"လိုက်နိုင်ပါတယ်ဖေဖေရဲ့ ကျွမ်းနေပီ"

"ဟုတ်ပါပီဗျာ သမီးလတ်ကရော"

"ရှင်"

    နှင်းသူ့ကိုမေးတဲ့ဖေဖေကြောင့်ကြောင်သွားလေသည်။

"ညနေကလာပို့တဲ့ကောင်လေးကသမီးချစ်သူလား"

"အဲ့တာက"

"မောင်ကလဲသမီးကိုမေးနေတာလား ချိန်းခြောက်နေတာလားမသိတော့ဘူး လာလာသွားအိပ်မယ်"

"အေးပါကွာ"

    မေမေခေါ်သွားတော့မှတော်သေးတယ်လို့တွေးလိုက်မိသည်။

"ရှင်ကလဲလေဘာလို့သမီးကိုအတင်းမေးနေတာလဲ"

"မောင်ကအတင်းမမေးပါဘူးမကလဲသမီးလဲအိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်လို့မေးကြည့်တာစိတ်မဆိုးပါနဲ့ကွာ"

"အင်းပါ"

"အလတ်မဘယ်လိုလဲ ဝေယံနဲ့ကတွဲနေပီလား"

"မတွဲသေးပါဘူး"

"မတွဲသေးဘူးဆိုတော့တွဲတော့မယ်ပေါ့"

"စဉ်းစားနေတုန်း"

"ကိုယံနဲတွဲလဲကောင်းတာဘဲ မမငယ်မှကိုမြင့်ကိုလဲမကြိုက်တာ"

    မင်းခကဝင်ပြောလိုက်သည်။

"မသိသေးဘူးသွားအိပ်တော့မယ် တက်ကြတော့လေ"

သူတို့လဲအခန်းထဲဝင်ပီးဘဲအိပ်လိုက်ကြသည်။

"မမငယ်ကျွန်တော်ဝင်ခဲ့မယ်နော်"

"အေးအေး ဘာပြောစရာရှိလို့လဲ"

"မှာထားတဲ့ပန်းတွေရောက်ပီလားလို့"

"အော်မနက်ဖြန်ရောက်မယ်တဲ့ ဒါနဲ့lilac ပန်းကဘယ်သူ့ကိုပေးဖို့လဲ"

Crush နဲ့နီးဖို့....Where stories live. Discover now