16(uni)

263 12 4
                                    

Unicode

"ဟယ်လို ဝေယံ နှင်းကမင်းနဲ့အတူရှိနေတာလား"

"ဟုတ်တယ်"

"ဘယ်မှာလဲမင်းတို့က"

"Car Showroom မှာလေ"

"အေးငါလာခဲ့မယ်"

"အင်းအင်း"

ဟိန်းခန့် နှင်းကိုအကူညီတောင်းစရာရှိလို့ဖုန်းဆက်တော့မကိုင်တာနဲ့ဝေယံကိုဖုန်းဆက်လိုက်တာဖြစ်သည်။

"နှင်းကရော"

"ရောက်ပီလား ဟိုဘက်မှာ"

"ငါ့ကိုပြောစရာရှိလို့လား"

"အင်း အကူညီတောင်းစရာရှိလို့"

"ဘာလဲ"

"..........."

"ရတယ်လေ ငါကူညီပေးမယ်ဒါပေမဲ့နင်ကသေချာပီလား"

"အင်းငါသေချာဆုံးဖြတ်ပီးသွားပီ"

"ငါစီစဉ်ပေးထားမယ်နော်"

သူလဲနှင်းကိုအကူညီတောင်းပီးတော့ပြန်လာခဲ့လိုက်သည်။အဲ့နေ့အတွက်ကြိုပီးရင်ခုန်နေပီလေ။

........
မင်းခအလုပ်ပြန်ဆင်းနေတာတစ်ပတ်ရှိနေပီဖြစ်လေသည်။ကိုကိုနဲ့ကတော့အလုပ်ကိစ္စကလွဲရင်သိပ်ပီးစကားမပြောတော့ပေ။ကိုကိုကသူ့ကိုရှောင်ဖယ်နေသလိုမျိုးခံစားရလေသည်။ကိုကိုလိုလူမျိုးကငါ့ကိုဘယ်လိုလုပ်ပြန်သဘောကျမှာလဲပီးတော့သူ့မှာကစေ့စပ်ထားတဲ့သူလဲရှိပီးသားလေ။ငါကမဖြစ်နိုင်တာကိုမျှော်လင့်နေတာဘဲမင်းခရေ။မမာလာတို့ကလဲဟိုဘက်ဆိုင်ခွဲကရောင်းအားတက်ခဲ့ပီမို့မသွားရတော့ပေ။သူလဲကိုကို့အလုပ်တွေကိုမကူရတော့ဘူး။

"မာလာတို့သုံးယောက်လုံးအခန်းထဲလာခဲ့"

"ဟုတ်boss"

ကိုကိုခေါ်လို့မင်းခတို့လဲအခန်းထဲသွားလိုက်သည်။

"ဘာခိုင်းစရာရှိလို့လဲboss"

"သဘက်ခါကျရင်ပြင်ဦးလွင်ဘက်မှာဆိုင်ဆွဲဖွင့်ဖို့လုပ်ထားတာမြေသွားကြည့်ရမယ် မင်းခငါနဲ့လိုက်ခဲ့ရမယ် မာလာနဲ့သဇင်ကတော့ကုမ္ပဏီကအလုပ်တွေလုပ်ဖို့နေထားရမယ်"

"ဒါပေမဲ့boss"

"မင်းပြောချင်တာငါသိတယ်ငါတို့ကမြေဝယ်ဖို့သွားကြည့်ရုံဘဲကျန်တာနောက်မှလုပ်မှာအဲ့တာကြောင့်မင်းကိုမခေါ်တော့တာ"

Crush နဲ့နီးဖို့....Where stories live. Discover now