3(uni)

387 15 0
                                    

Unicode

"ဗျာ"

"ဘာဖြစ်လို့လဲသားတစ်ခုခုအဆင်မပြေတာရှိလို့လားဒါမှမဟုတ်သားမှာချစ်သူရှိနေလို့လား"

မာမီကသူ့ကိုတရားခံစစ်သလိုကြည့်နေသည်။

"မရှိပါဘူးမာမီသားကရုတ်တရက်ဆိုတော့လန့်သွားလို့ပါပီးတော့ သစ္စာနွယ်ကအခုအရမ်းနံမည်ကြီးတဲ့မော်ဒယ်ဖြစ်နေတာလေ အဲ့တာကြောင့်အခုချိန်လက်ထပ်ရင်သူ့နံမည်တေကျကုန်မှာပေါ့"

"မာမီသိပါတယ်အခုနွယ်လေးကအရမ်းနံမည်ကြီးနေမှန်းဒါပေမဲ့မာမီ့သားလေးကလဲနံမည်မရှိတဲ့သူမှအဟုတ်တာသားလဲကုမ္ပဏီကိုဦးစီးတော့မှာလေမာမီတို့အဆင့်အတန်းနဲ့တော့သူ့ပရိသတ်တေကမကန့်ကွက်လောက်ပါဘူးပီးတော့နွယ်နွယ်တို့ကလဲသူ့သမီးကိုကောင်းတဲ့သူနဲ့ဘဲနေရာချထားပေးချင်လိုါတဲ့ သားတို့ကိုလဲတန်းပီးတော့မာမီတို့ကလက်မထပ်ပေးသေးပါဘူးအရင်ဦးဆုံးစေ့စပ်ထားကြတာပေါ့ကြားလားသား"

"ဟုတ်ကဲ့မာမီ"

"ကဲစန္ဒာသားကိုလဲနားခိုင်းလိုက်ပါအုံးသူလဲပင်ပန်းနေမှာပေါ့"

"ကျွန်မသိပါတယ်ရှင်ကလဲ သားအဲ့ဒါဆိုရင်သွားနားတော့လေ ညစာစားခါနီးမှမာမီခေါ်လိုက်မယ်"

"ဟုတ်မာမီအဲ့တာဆိုသားသွားနားတော့မယ်နော်"

ဟိန်းခန့်အခန်းထဲရောက်တော့သက်ပြင်းချမိသည်။သူပညာတော်သင်မသွားခင်ထဲကသူနဲ့နွယ့်ကိုမာမီကနေရာချပေးချင်နေတာသူသိသည်။သူနွယ့်ကိုညီမလေးတစ်ယောက်လိုဘဲမြင်တယ်။ဒါပေမဲ့လဲမာမီစကားကိုသူမလွန်ဆန်နိုင်ဘူး ငယ်ငယ်လေးထဲကသူ့ကိုတစ်ဦးတည်းသောသားမို့လို့မာမီတို့ကလိုချင်တာတွေအကုန်ဖြည့်စီးပေးခဲ့တယ်။သူ့အပေါ်မှာလဲဘာမှမတောင်းဆိုဖူးဘူး။သူဝါသနာပါတဲ့အလုပ်ကိုဘဲလုပ်ခိုင်းခဲ့ပေမဲ့သူမရှိရင်ကုမ္ပဏီကိုဦးစီးမဲ့သူမရှိလို့သူစီးပွါးရေးတက္ကသိုလ်ကိုဘဲတက်ခဲ့တယ်။ပြောရရင်ပထမဦးဆုံးအကြိမ်မာမီတို့တောင်းဆိုတာကနွယ်နဲ့စေ့စပ်ဖို့ဘဲဖြစ်တယ်။မာမီကငယ်ငယ်ထဲကချမ်းသာစွာနေခဲ့ရတော့နဲနဲမာနကြီးတယ်။သူ့ဘဝမှာချစ်သူတစ်ယောက်မှမထားဖူးဘူးဆိုရင်ယုံမလားတော့မသိပေမဲ့သူတစ်ယောက်မှမထားဖူးဘူး။အခုတော့ချစ်သူတောင်မထားရသေးဘူးတန်းပီးစေ့စပ်ရတော့မယ် သူဘာမှမတွေးချင်တော့လို့တန်းပီးအိပ်လိုက်တော့သည်။
_________________________
မင်းခတို့ကိုကို့ကိုပို့ပီးအိမ်ပြန်လာကြသည်။မမငယ်ဆိုင်ကညနေမှဖွင့်မှာဆိုတော့သူအားလပ်ချိန်ရသေးသည်။မမငယ်ကတော့မေမေ့ကိုကူဖို့ကုန်စုံဆိုင်ကိုသွားသည်။သူလေဆိပ်တုန်းကအကြောင်းတွေးမိပီးပြုံးမိသွားသည်။ကိုကိုကသူ့ကိုမှတ်မိနေသေးတာဘဲ သူကမေ့နေပီထင်နေတာတစ်ချိန်ထဲမှာဘဲသူ့မျက်နှာကဝမ်းနည်းရိပ်သန်းလာပြန်ပီဘာလို့လဲဆိုရင်ကိုကိုကသူ့ကိုသူ့ သူငယ်ချင်းရဲ့မောင်လေးအဖြစ်ဘဲမြင်နေလို့လေ။ဒါပေမဲ့လဲသူလက်ခံရမှာဘဲလေသူတို့စသိတာမမငယ်ရဲ့မောင်လေးအဖြစ်နဲ့စသိခဲ့တာကို။

Crush နဲ့နီးဖို့....Onde histórias criam vida. Descubra agora