5(uni)

288 9 3
                                    

Unicode

ဟိန်းခန့်ကိုဒီနေ့ကုမ္ပဏီရဲ့CEOရာထူးအပ်နှင်းတာဖြစ်လို့ညစာစားပွဲကျင်းပကြသည်။ရှယ်ယာရှင်တွေကလည်းနိုင်ငံခြားမှာပညာတော်သင်ပီးပြန်လာတာမို့လို့မကန့်ကွက်ကြပေ။

"အကိုဟိုမှာနွယ်နွယ်တို့လာပီ သားသမီးနွယ်လေးကိုသွားခေါ်လိုက်အုံးလေ"

"ဟုတ်ကဲ့မာမီ"

မာမီပြောလို့သူသစ္စာနွယ်ကိုသွားခေါ်လိုက်သည်။

"အကိုမတွေ့ရတာကြာနေပီနော်"

သစ္စာနွယ်ပြောတာကိုသူခေါင်းညိတ်ပြလိုက်သည်။သူတို့ကငယ်ငယ်ထဲကခနခနတွေ့ဖူးပေမဲ့သိပ်မရင်းနှိးကြပေ။

"သားဟိန်းခန့်ကမတွေ့တာကြာလို့ချောလာလိုက်တာစန္ဒာရယ် ဟုတ်တယ်မို့လားသမီး"

"ဟုတ်မေမေ အကိုကပိုချောလာတယ်"

"နွယ်လေးကလဲဘာလို့အကိုလို့ခေါ်နေရတာလဲ နောက်နေ့ဘဲစေ့စပ်တော့မှာကို ကိုခန့်လို့ဘဲခေါ်လိုက်လေ"

"ဟုတ်အန်တီ"

ဟိန်းခန့်မာမီပြောတာကိုစိတ်ထဲကသိကအောက်ဖြစ်သွားသည်။ဘာလို့လဲမသိပေမဲ့သူသစ္စာနွယ်ကို ကိုခန့်လို့မခေါ်စေချင်ပေ။ဒါပေမဲ့လဲမာမီကိုယ်တိုင်ကခေါ်ခိုင်းမှတော့သူလဲဘာမှပြန်မပြောတော့ပေ။

________________________

တနင်္ဂနွေနေ့.......မင်းခဒီနေ့ဆိုင်နှစ်ဆိုင်လုံးပိတ်လို့အိမ်မှာဘဲနားလိုက်လေသည်။အပြင်သွားရအောင်လဲသူ့မှာသူများတွေလိုသူငယ်ချင်းလဲမရှိပေ။တက္ကသိုလ်တက်တုန်းကတော့ခင်တဲ့သူတွေရှိပေမဲ့အရမ်းမရင်းနှီးပေ။သူလဲအခန်းထဲမှာဘဲနေရင်းလိုင်းသုံးနေလိုက်သည်။

Crush အကြောင်းပြောကြမယ် (Group)
girl 1-ငါဒီနေ့ငါ့ရဲ့crush ကိုဖွင့်ပြောလိုက်တယ် ဒါပေမဲ့သူကတော့မသိချင်ယောင်ဆောင်သွားတယ်😭
girl 2-အဲ့တာကြောင့်ငါလဲဖွင့်မပြောချင်တာသူတို့တွေကသူတို့ကိုကြိုက်နေမှန်းသိသွားရင်ပိုပီးတော့ချေကြတယ်😏
girl 3-ဟုတ်တယ်နင်တို့ပြောတာမှန်တယ်ဖွင့်မပြောတာအကောင်းဆုံးဘဲ🥲

မင်းခgroup ထဲကစာတွေဖတ်ပီးတော့စိတ်ဓာတ်ကျသွားသည်။တကယ်ဘဲသူတို့ပြောသလိုဖွင့်မပြောတာအကောင်းဆုံးလား။သူကိုကို့ ကိုသွားကြိုတဲ့နေ့ပီးထဲကမတွေ့ရတော့တာဖြစ်သည်။ကိုကိုနဲ့သူကတွေ့တောင်မတွေ့ရတာ ကိုကိုကသူ့ကိုဘယ်လိုလုပ်သဘောကျလာမှာလဲ။သူစိတ်ရှုပ်ပီးလိုင်းဘဲပြန်သုံးနေရင်း Myanmar cele Page ကနေတင်ထားတဲ့သတင်းကြောင့်သူ့မျက်လုံးတွေပြူးကုန်ပီးကျောက်ရုပ်လိုဖြစ်သွားတော့သည်။သတင်းကတော့......

Crush နဲ့နီးဖို့....Where stories live. Discover now