17(uni)

257 9 4
                                    

Unicode

     မင်းခအိပ်ရာထတော့မနေ့ကအကြောင်းကခေါင်းထဲမှာပေါ်လာတော့ကြည်နူးမိသွားလေသည်။ကိုကိုနဲ့သူကချစ်သူတွေဖြစ်သွားပီပေါ့ပျော်လိုက်တာ။

ဒေါက်ဒေါက်.....
"မောင်လေးမနိုးသေးဘူးလား"

"နိုးပီမမငယ်မျက်နှာမသစ်ရသေးလို့"

"သစ်ပီးဆင်းခဲ့တော့နော် မမတို့မနက်စာသွားစားရအောင်"

"ဟုတ်မမငယ်"

    သူလဲမျက်နှာသွားသစ်လိုက်သည်။ရေကတော့မချိုးသေးပေ။ပြင်ဦးလွင်မနက်ခင်းကအေးတော့​ရေမချိုးနိုင်ပေ။

"ကိုကို"

   သူအပြင်ထွက်ခဲ့တော့လှေကားနားမှာကိုကိုနဲ့တွေ့လေသည်။ချစ်သူတွေဖြစ်သွားကြပေမဲ့သူနဲနဲနေရခက်နေလေသည်။

"ခ ဆင်းခဲ့ပီလားကိုယ်ကလာခေါ်တော့မလို့"

"အဲ့မှာဘဲရပ်နေကြတော့မှာလား"

သူတို့လှေကားနားမှာရပ်ပီးတစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေတာကြာသွားသည်ထင်မမငယ်ကအောက်ကနေအော်လာလေသည်။

"လာပီ"

မနက်စာစားဖို့ထွက်ခဲ့လိုက်ကြသည်။

"Congratulations နော်ဟိန်းခန့်နဲ့ယောက်ဖလေး"

"အင်းကျေးဇူးဘဲ"

"ငါ့မောင်ကိုသေချာဂရုစိုက်နော်ခန့် မဟုတ်ရင်ငါနဲ့တွေ့မယ်"

"စိတ်မပူပါနဲ့ငါသေချာဂရုစိုက်ပါ့မယ်"

ကိုကိုကပြောပီးတော့သူ့ခေါင်းကိုပွတ်ပေးလေသည်။

"ရော့မနေ့ကငါရိုက်ပေးထားတာ"

     မမငယ်ကသူ့ဖုန်းကိုပြလေသည်။ကြည့်လိုက်တော့သူနဲ့ကိုကိုနဲ့ဖက်ထားတဲ့ပုံဖြစ်လေသည်။ပန်းခင်းထဲမှာသူတို့နှစ်ယောက်ဖက်တုန်းကရိုက်ထားတာဖြစ်မည်။

"လှနေတာဘဲ"

"ငါ့သူငယ်ချင်းကလှအောင်ရိုက်ပေးထားတာဘဲ ငါ့ကိုပုံပို့ခဲ့"

"လွယ်လွယ်တော့ဘယ်လိုရမလဲငါ့ကိုမုန့်လိုက်ကျွေး"

"ညနေအကင်သွားစားမယ်လေရတယ်မို့လား"

Crush နဲ့နီးဖို့....Where stories live. Discover now