ကျေးဇူးတင်လွှာ🙏🏻(uni)

148 7 0
                                    


ပထမဦးဆုံးရေးသားတဲ့ Crush နဲ့နီးဖို့...... လေးကတော့ဇာတ်သိမ်းသွားပီဖြစ်ပါတယ် 27/7/2023 Thursday နေ့မှာ Intro လေးနဲ့စတင်မိတ်ဆက်ရေးသားပီးတော့ 27/10/2023 Friday မှာဇာတ်လမ်းပီးဆုံးသွားပီဖြစ်ပါတယ် 3 လဆိုတော့အချိန်ကတော့အရမ်းကြာပေမဲ့ကိုယ်ကလဲအခုမှစရေးတာဆိုတော့သိပ်ပီးလဲမရေးတတ်သေးတော့တစ်ပိုင်းဆိုရင်အရမ်းတိုပါတယ် ကိုယ့်စိတ်ကူးထဲမှာရှိသလိုကိုခန့်နဲ့ခ ကိုပုံဖော်လိုက်ရတဲ့အတွက်တော့အရမ်းဝမ်းသာပါတယ် စာစီစာကုံးတောင်သေချာကောင်းအောင်မရေးနိုင်တဲ့ကိုယ်ကအခုလို Fic လေးတစ်ပုဒ်ဖန်တီးနိုင်ခဲ့တဲ့အတွက်တော့အရမ်းလဲဝမ်းသာရပါတယ်

Crush နဲ့နီးဖို့ ကိုစရေးမယ်ဆိုတော့အရင်ဦးဆုံးဇာတ်ကောင်နံမည်တွေစဉ်းစားရတာပေါ့အဲ့မှာကိုယ်ကလဲနံမည်မပေးတက်တော့ ခရဲ့နံမည်ဆိုရင်ကိုယ့်မောင်လေးရဲ့နံမည်ကိုယူပီးပေးလိုက်တာပါ အကုန်လုံးတော့မဟုတ်ဘူးပေါ့ ကိုခန့်ရဲ့နံမည်ကတော့စိတ်ကူးထဲမှာပေါ်လာတဲ့နံမည်ကိုဘဲပေးလိုက်တာ ပီးတော့ကိုယ့်ဇာတ်ကောင်နံမည်တွေကတစ်ခြားသူတွေရဲ့ဇာတ်ကောင်နံမည်နဲ့တူခဲ့ရင်လဲအရင်ဦးဆုံးတောင်းပန်ပါတယ်နော် ကိုယ်ရေးတာကတော့ဘယ်သူ့ကိုမှလဲမ copy ထားတဲ့အတွက်တော့စိတ်တော့သန့်ပါတယ် ပြောရရင် ဒီဟာလေးရေးဖို့စဉ်းစားမိတာကတော့ Hidden love လေးကြည့်ပီးတော့အရမ်းကြိုက်လို့ရေးဖို့စဉ်းစားမိသွားတာပါ

Ongoing လိုက်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းအရမ်းကျေးဇူးတင်ပါတယ်နော် ပီးတော့ Reading list ထဲထည့်ပေးတဲ့သူတွေComment မန့်ပေးတဲ့သူတွေအားလုံးကိုလဲအရမ်းကျေးဇူးတင်ပါတယ်နော် အရေးအသားတွေမကောင်းပေမဲ့ဖတ်ပေးကြတဲ့သူတိုင်းကိုစိတ်ရင်းနဲ့တကယ်ကျေးဇူးတင်ပါတယ်ရှင့် ကိုခန့်နဲ့ခကိုလဲချစ်ပေးကြပါအုံးနော်မမေ့သွားကြနဲ့ ဖတ်ရတာကြိုက်ရင်လဲဝေမျှပေးကြပါအုံးနော် စိတ်ကူးရရင်လဲအသစ်လေး​တွေရေးပါမယ်နော် ရေးဖြစ်ရင်တော့နောက် fic အသစ်လေးမှာပြန်တွေ့ကြမယ်နော် အားလုံးကိုကျေးဇူးတင်လျှက်ပါ Hnin

________________
________________
Hnin 🐉
27/10/2023
Friday

Crush နဲ့နီးဖို့....Where stories live. Discover now