4(uni)

316 11 2
                                    

   Unicode

   မင်းခအရင်တုန်းကအကြောင်းတွေပြန်တွေးမိနေသည်။သူနဲ့ကိုကိုကအဲ့နေ့ကစပီးတွေ့ခဲ့တာအခုဆိုရင်၁၀နှစ်တောင်ရှိပီဘဲ သူကိုကို့ ကိုတိတ်တိတ်လေးချစ်နေတာအခုဆိုရင်၄နှစ်တောင်ကျော်နေပီ။အဲ့တုန်းကအတိုင်းဘဲပခုလဲကိုကို့အပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကမပြောင်းလဲသေးပေ။

လွန်ခဲ့သော၄နှစ်....
      ဟိန်းခန့်တို့၁၀တန်းအောင်ပီးတက္ကသိုလ်တက်ဆော့နှင်းနဲ့ကွဲသွားသည်။သူကစီးပွါးရေးတက္ကသိုလ်တက်ပီရနှင်းကတော့အနုပညာတက္ကသိုလ်တက်သည်။ဒါပေမဲ့သူတို့နှစ်ယောက်ကတော့အရင်အတိုင်းခင်နေဆဲဖြစ်သည်။ပြောရရင်ကျွန်တော်ကသူ့မိသားစုဝင်လိုတောင်ဖြစ်နေပီ။သူတို့နားရက်ဆိုရင်သူအမြဲတမ်းနှင်းတို့အိမ်ကိုသွားဖြစ်သည်။အခုတော့ကျောင်းပီးလို့မာမီတို့စီစဉ်ထားတဲ့အတိုင်းပညာတော်သင်သွားရမှာဘဲဖြစ်သည်။

       မင်းခ မမသယ်သူငယ်ချင်းနဲ့ပိုရင်းနှီးလာသည်။ကိုကို ကတစ်ဦးတည်းသောသားမို့လို့သူ့အေါ်ညီလေးတစ်ယောက်လို့စောင့်ရှောက်ပေးသည်။ဒါပေမဲ့သူကတော့ကိုကို့အပေါ်မှာအစ်ကိုတစ်ယောက်လိုသဘောထားတာထက်ပိုလာခဲ့သည်။ကိုကို ဆိုတဲ့အခေါ်အဝေါ်ကတော့သူ့စိတ်ထဲမှာဘဲအမြဲခေါ်တဲ့နာမ်စားလေးဖြစ်သည်။ကိုကို့အပေါ်အကိုတစ်ယောက်ထက်ဘယ်လို့ပိုသွားတာလဲလို့ပြောရရင်.......

မင်းခရဲ့၁၈နှစ်ပြည့်မွေးနေ့ပွဲ.....
"Happy birthday ပါဖက်တီးလေးကိုယ်လာတာနဲနဲနောက်ကျသွားတယ်"

"ရပါတယ် ကိုခန့်ကျွန်တော်တို့လဲအခုမှကိတ်ခွဲပီးတာ"

"ခန့်လာဟိုဘက်မှာနင့်ကိုစောင့်နေကြတာ"

      နှင်းကသူ့ကိုဟိုဖက်မှာသူငယ်ချင်းတွေနဲ့အတူဝိုင်သောက်ဖို့လာခေါ်လေသည်။နှင်း တို့အိမ်ကတစ်ထပ်တိုက်ကိုမှခြံဝင်းကကျယ်တော့ခြံထဲမှာဘဲမွေးနေ့ပွဲကိုလုပ်တာဖြစ်သည်။မင်းခ ကတော့ဖျော်ရည်ဘဲသောက်ရသည်။အခုမှအသက်ပြည့်တာဆိုတော့ဖေဖေတို့ကမသောက်ခိုင်းသေးပေ။မင်းခ ကိုကို့ကိုကြည့်ပီးသူ့စိတ်တွေပိုပီးသေချာခဲ့သည်။သူကိုကို့အပေါ်သဘောကျလာခဲ့သည်။အစကတော့အကိုတစ်ယောက်လိုဘဲသဘောကျတာထင်နေပေမဲ့အရင်အပတ်က ကိုကို့ကိုအမတစ်ယောက်နဲ့တွဲတွေ့တော့သူသဝန်တိုခဲ့သည်။အဲ့တာကြောင့်သူကိုကို့အပေါ်အကိုတစ်ယောက်လိုမဟုတ်ဘဲချစ်သူတစ်ယောက်လိုချစ်လာခဲ့သည်။သူယောင်္ကျားလေးတွေကိုသဘောမကျပါ ဒါပေမဲ့သူပထမဦးဆုံးချစ်တဲ့သူကယောင်္ကျားလေးတစ်ယောက်ဖြစ်နေတာဘဲဖြစ်သည်။သူဒီနေ့ကိုကို့ ကိုသဘောကျကြောင်းဖွင့်ပြောမှာဖြစ်သည်။

Crush နဲ့နီးဖို့....Where stories live. Discover now