10(uni)

251 10 2
                                    

Unicode

"မင်္ဂလာပါဗျ ဘာကားပြရမလဲ"

"အင်း အကုန်ကြည့်ချင်တာ"

"ဟာ မနှင်းခတို့လားကျွန်တော်ကဧည့်သည်တွေထင်လို့"

"နှင်း ကဧည့်သည်မဟုတ်ဘူးလား"

"ဝေယံတို့ရှိတယ်မို့လား"

"ဟုတ်ရှိပါတယ် ကျွန်တော်လိုက်ပို့ပေးမယ်"

ဒေါက်ဒေါက်။ "Boss မနှင်းခတို့လာပါတယ်ဗျ"

ဝေယံလဲနှင်းလာတယ်ဆိုလို့ အပေါက်အမြန်သွားဖွင့်သည်။နှင်းကအရမ်းချစ်စရာကောင်းနေသည်။ဆံပင်လေးတွေကချထားပီးဂါဝန်လေးနဲ့ဆိုတော့ကလေးလေးနဲ့တောင်တူနေသည်။

"ငါလဲပါသေးတယ်နော်ဟေ့ကောင်"

"ငါသိပါတယ် လာအထဲဝင်ကြ"

"ကို ချစ်လာတာတောင်လာမကြိုဘူးလား"

နှင်းကအထဲရောက်တော့ရန်နိုင်ကိုစတော့သည်။ရန်နိုင်ကကောင်မလေးတစ်ယောက်နဲ့ VCပြောနေတာဖြစ်သည်။

"ရှင်ကောင်မလေးရှိတာတောင်ကျွန်မကိုလာပီးဆက်သွယ်နေတာလား"

ဟိုဘက်ကဖုန်းချသွားလေသည်။

"နှင်းနင်ငါ့ကိုလုပ်ပြန်ပီ နင့်ကြောင့်မို့ငါရည်းစားမရတာ"

"ငါရရင်နင့်ကိုလဲကောင်မလေးရှာပေးပါမယ် စိတ်မပူနဲ့ဟီး"

"ဖွင့်ပြောမဲ့သူတွေရေလာပြောလိုက်ကြပါတော့"

ရန်နိုင်ကဝေယံကိုရွဲ့ပီးတော့အော်လေသည်။

"ကိုကလဲချစ်ကိုငြိုငြင်နေပီလား"

"မင်းတို့နှစ်ယောက်ငြင်းနေကြတာမပီးတော့ဘူးလား"

"ပီးပီ ဒါနဲ့မင်းတို့ကဘာလာလုပ်တာလဲ"

"ငါကားလဲမလို့လေအဲ့တာကားလာကြည့်တာ"

"မင့်ကားကကောင်းသေးတယ်မို့လား"

"ကောင်းပါသေးတယ် ဒယ်ဒီကမွေးနေ့လက်ဆောင်ဝယ်ပေးတာလေ"

"အေးမင်းမွေးနေ့တောင်ရောက်တော့မှာဘဲ"

"ညနေကျရင်သွားစရာရှိကြသေးလား"

"မရှိဘူးနော်ဘာလို့လဲနှင်း"

Crush နဲ့နီးဖို့....Waar verhalen tot leven komen. Ontdek het nu