9(uni)

245 12 6
                                    

Unicode

      မင်းခတို့နေ့လည်စာစားပီးတော့ ကုမ္ပဏီကိုပြန်လာကြသည်။ဟိန်းခန့်လဲလုပ်စရာရှိတာယူပီးဧည့်သည်ထိုင်ဖို့ချထားတဲ့ဆိုဖာစီယူသွားလိုက်သည်။

"ခ ကိုယ့်ဘေးမှာလာထိုင်အချိန်ဇယားဆွဲဖို့ကိုယ်ရှင်းပြမယ်"

"ဟုတ် ကိုခန့်"

      မင်းခလဲကိုကို့ဘေးမှာသွားထိုင်ပီးရှင်းပြတာကိုသေချာကြည့်နေလိုက်လေသည်။အချိန်ကြာလာတော့မင်းခအိပ်ငိုက်လာလေသည်။သူမထိန်းနိုင်တော့ဘဲအိပ်ပျော်သွားမိတော့သည်။

     ဟိန်းခန့်ရှင်းပြရင်းနဲ့သူ့ပုခုံးပေါ်ကျလာတဲ့ကောင်လေးရဲ့ခေါင်းကြောင့်အသာလေးထိန်းလိုက်သည်။ကောင်လေးသက်တောင့်သက်သာအိပ်ဖို့သူဆိုဖာပေါ်သေချာချပေးလိုက်သည်။

"အိပ်နေတာတောင်အသည်းယားစရာလေး"

     ဟိန်းခန့်လဲကောင်လေးရဲ့ပါးဖောင်းဖောင်းလေးကိုထိလိုက်လေသည်။ကောင်လေးရဲ့ပါးလေးသည်နူးညံ့ပီးသူထိလိုက်တာသူ့လက်တောင်ပါးလေးထဲအိဝင်သွားသည်။

"အရမ်းနူးညံ့နေတာဘဲ"

     သူကောင်လေးရဲ့မျက်နှာကိုသေချာကြည့်နေမိသည်။ငယ်ငယ်တုန်းကအတိုင်းဘဲဘာမှပြောင်းလဲသွားတာမရှိပေ။သူကြည့်ရင်းနဲ့အောက်ဘက်ရောက်လာပီးကောင်လေးရဲ့နူတ်ခမ်းလေးကိုကြည့်မိလိုက်သည်။သူ့ရဲ့လက်လေးနဲ့လည်းဖွဖွလေးပွတ်နေမိသည်။နူတ်ခမ်းလေးကလည်းအိနေပီးနီနီရဲရဲလေးနဲ့စတော်ဘယ်ရီသီးလေးနဲ့တူလှသည်။သူကြည့်နေရင်းနဲ့ရေဆာတာလိုလိုဖြစ်လာပီးနှလုံးခုန်နှုန်းတွေမြန်လာတော့သူလဲဆက်မကြည့်တော့ဘဲ အလုပ်ဘဲပြန်လုပ်နေလိုက်သည်။

*ငါဘာတွေတွေးနေတာလဲ သူ့ကငါ့သူငယ်ချင်းရဲ့မောင်လေးလေ ငါ့ညီလေးလိုဘဲ*

.........

မင်းခအိပ်ပျော်သွားပီးညနေမှနိုးလာတော့သည်။

"နိုးပီလား ခ"

"တောင်းပန်ပါတယ်ကိုခန့် ကျွန်တော်အိပ်ပျော်သွားတာ"

"ရပါတယ်အလုပ်မှသိပ်မရှိတာ အခုတော့အလုပ်ဆင်းရအောင်ကိုယ်လိုက်ပို့ပေးမယ်"

Crush နဲ့နီးဖို့....Où les histoires vivent. Découvrez maintenant