Chapter - 63

10K 621 41
                                    

ဧကရာဇ်မောင်နဲ့သခင်လေးမင်းယွီတို့ဆွေးနွေးပြီးနောက် ကုလုပ်ငန်းစုကိုရှန်ဟွှာလုပ်ငန်းစုထံမှာ အဖွဲ့ဝင်စေခဲ့သည် ။ ဒါကမျှော်လင့်မထားသည့်ကမ်းလှမ်းချက်မို့ ဧကရာဇ်မောင်အိမ်မက်ဟုပင်ထင်နေမိသည် ။ ရှန်ဟွှာလိုအဖွဲ့အစည်းနဲ့ချိတ်ဆက်မိလျှင် သူတို့ရဲ့အောင်မြင်မှုက နိုင်ငံကျော်ကနေကမ္ဘာကျော်တဲ့ထိဖြစ်လာနိုင်သည် ။

မင်းယွီက ဧကရာဇ်မောင်ရဲ့လုပ်ငန်းမှာပါ ရင်းနီးမြှုပ်နှံပြီး သူတို့လိုချင်တဲ့မြေနဲ့ကမ်းလှမ်းထားတဲ့အိမ်တော်ဒီဇိုင်းကို ဧကရာဇ်မောင်ဘက်ကစီစဉ်ပေးဖို့တောင်းဆိုသည် ။ ဧကရာဇ်မောင်က ချက်ချင်းပဲလက်ခံလိုက်သည် ။ ရှန်ဟွှာနဲ့ချိတ်ဆက်ခွင့်ရတာကပင် နည်းတဲ့အခွင့်အရေးမဟုတ်ပါလား ...

ဒီအကြောင်းတွေကို တရားဝင်ချပြဖို့နဲ့ မင်းယွီကိုယ်တိုင် မီဒီယာတွေရှေ့ထွက်ကာ ကြေငြာပေးမည်ဟုဆိုလာသည် ။ လက်ရှိဟော့နေတဲ့သတင်းကလဲ ဒီနိုင်ငံကိုသူတို့ဘာကြောင့်ရောက်လာသလဲဆိုတဲ့ ဆွေးနွေးသည့်သတင်းများဖြစ်နေ၍ အားလုံးကိုဖြေရှင်းပြီးသားဖြစ်သွားအောင် သတင်းစာရှင်းလင်းပွဲနဲ့ ကုလုပ်ငန်းအုပ်စုရဲ့ရှယ်ယာရှင်တွေ့ဆုံးပွဲကို စီစဉ်စေလိုက်သည် ။

ထိုပွဲကို ရှယ်ယာရှင်တွေသာမက စီးပွားရေးလောကမှာအကျော်ကြားဆုံးသော လုပ်ငန်းစုခေါင်းဆောင်တွေ ပါဝင်နိုင်ဖို့ထိ ဧည့်ခံပွဲကို ကြီးကျယ်ခန်းနားစွာ ပြင်ဆင်မှာဖြစ်သည် ။ အခန်းအနားကို လက်ရှိဧကရာဇ်မောင်ရဲ့ ရုံးချုပ်တည်ရာ မြို့မှာရှိတဲ့ ပန်းဥယျာဉ်နဘေးကခန်းမမှာ ဧည့်ခံပွဲပြုလုပ်မှာဖြစ်သည် ။ ဦးလေးမြတ်က ဧည့်ခံပွဲအပြင်အဆင်ကို ဦးဆောင်ရမှာမို့ ကိုယ်ရံတော်လင်းထက်နဲ့အတူ ရန်ကုန်တို့ဦးစွာပြန်သွားနှင့်ကာ စီစဉ်စရာရှိတာ စီစဉ်ရန်ဖြစ်သည် ။

ဒီပွဲကနိုင်ငံတွင်းမှာ အကြီးဆုံးပွဲဖြစ်လာနိုင်တာကြောင့် သူတို့ရဲ့မိသားစုပုံရိပ်ကို ချပြဖို့ အကောင်းဆုံးအချိန်အခါလဲဖြစ်သည်ဟု ဧကရာဇ်မောင်တွေးမိသည် ။ အိမ်တော်မှာ လူတစ်ဝက်ခန့်လျော့သွားပြီ ဧည့်သည် ၃ ယောက်သာကျန်ခဲ့သည် ။ မုဒြာကကျန်းမာလာပြီမို့ ကိုယ်တိုင်မီးဖိုချောင်ဝင်ကာ ချက်ပြုတ်နေသည် ။ မင်းယွီကလဲ အငြိမ်မနေပဲ မုဒြာအနားမှာ ကူလုပ်ပေးသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now