Extra (3)

6.7K 400 35
                                    


" အပါး....."

အပါးပြောတဲ့စကားအရ ဆို ငါမှာကိုယ်ဝန်ရှိနေတာလား ....စသောအတွေးဖြင့် ဟင်းချိုသောက်ဇွန်းလေးကို လက်ကကိုင်ပြီး တွေးမိတွေးရာ တွေးနေမိသည်။

" ကလေးငယ်..."

ပျော်မြူးကြည်နူးဟန်တို့ဖြင့် အတွေးများနေတဲ့ ကိုယ့်ကို ပုခုံးလေးဖက်ပြီး သတိဝင်စေတဲ့ ကိုကိုခေါ်သံကြောင့် အသိပြန်ဝင်လာပြီး အပါးကိုတစ်လှည့်၊ ကိုကို့ကို တစ်လှည့် ဘယ်ညာလှည့်ကာ နားမလည်မျက်ဝန်းတွေဖြင့် ငေးနေမိသည်။

ခပ်သုတ်သုတ်ဖြင့် အပါးအနား လက်လေးနှစ်ဖက်နောက်ပစ်ကာ အနားကပ်တိုးဘာပြောနေလဲမသိ ..ခေါင်းတညိမ့်ညိမ့်နဲ့အပါးက အပြုံးမပြတ်ခဲ့ပါလေ။

" ဖိုးသားလေး စားပြီးပါပြီ ဖိုးဖိုး..."

နူတ်ခမ်းနားတစ်ဝှိက်ပေကျံနေတဲ့ ဆီဝေ့လေးကို ကိုယ်တိုင်သုတ်ယူသန့်ရှင်းစေကာ အပါးဘက်ခေါင်းလေးစောင်းပြီး အသံစွာစွာလေးဖြင့် Dinning room ထဲကတိတ်ဆိတ်မူကို ဖြိုခွဲလိုက်သည့်အလား။

" ကျေးဇူးတင်ပါတယ်ဗျ...."

လုပ်နေကြလုပ်ရိုးထုံးစံအတိုင်း စားသောက်ပြီးတိုင်း ဤအစားအသောက်နဲ့ပတ်သတ်ပြီး ကျေးဇူးတင်သင့်သူအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောပြရမည်လို့ အပြီးတိုင်သင်္ကန်းဝတ်သွားသော ဖိုးဖိုးကြီး၏ ဆုံးမစကားအတိုင်း ဖိုးသာလေးက အစားစားပြီးတိုင်း ခေါင်းလေးငြိမ့်ကာ ကျေးဇူးတင်ကြောင်း အမြဲထုတ်ပြောလေ့ရှိသည်။

ဤချစ်စဖွယ်အမူအရာလေးကြောင့် အိမ်တော်ကလူအများရဲ့ ချစ်ခြင်းမေတ္တာကို သိမ်းကျုံးယူသွားသော ကောင်းစစ်ဟန်သာက နာမည်ကြီးဟန်သာအိမ်တော်ရဲ့မျိုးစက်ဖြစ်ပါသော်လည်း ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာရလဒ်ကို သေင်္ကတယူပြီး ဆိုဆုံးမခြင်းခံရသည့် ကောင်းစစ်ဟန်သာက မောက်မာမော်ကြွားခြင်းမရှိပဲ အရှိကိုအရှိအတိုင်း သဘာဝအတိုင်းအလှအပကိုခံစားတက်စေရန် သွင်သင်ပေးထားကြသည်လေ။

" ဖိုးမြေးက သိတက်လိုက်တာဗျာ...."

" သခင်ကြီး.."

ချစ်ခြင်းတို့အလွန် Where stories live. Discover now