(8.4)

6.9K 426 54
                                    

Unicode

ရှဲ့မိသားစုအိမ်တော် ဧည့်ခန်းထဲတွင် ရှဲ့ချုံရန်ဟာ တစ်ယောက်တည်းပြာယာခတ်နေသည်။ အစ်ကိုက မနက်အစောကြီးထဲကထွက်သွားပြီး ယခုချိန်ထိပြန်မလာသေးပေ။ နေ့လည် ၁၂ကျော်ရုံသာရှိသေးသော်လည်း မနက်တည်းက မမြင်လိုက်ရသည့် ကောကောကြောင့်သူ့စိုးရိမ်စိတ်တွေမှာထိန်းချုပ်မရတော့ပေ။ တစ်ယောက်တည်းငြိမ်ငြိမ်မနေနိုင်ပဲ ဧည့်ခန်းထဲ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်ဖြင့် သူ့မျက်လုံးတွေမှာဂဏာမငြိမ်ဖြစ်နေသည်။

နေ့လည်စာစားချိန်တောင်ရောက်နေပြီ။ ကောကောကဘာကြောင့်ပြန်မလာသေးတာလဲ။

အိမ်အကူတွေပြောပုံအရ သူငယ်ချင်းနဲ့သွားတွေ့မည်ဟု သတိပေးခဲ့သည်ဟုဆိုသည်။ ဒါပေမယ့် ကောကောနဲ့ခင်တဲ့သူက ဘယ်ကသူငယ်ချင်းလဲ။ အရမ်းနီးနီးကပ်ကပ်ရှိတဲ့သူငယ်ချင်းတစ်ယောက်လား။ ယောက်ျားလား။ မိန်းမလား။ Alpha ၊ Beta ဒါမှမဟုတ် Omega တစ်ယောက်ပဲလား။

ထိုအခိုက်အတန့်လေးမှာပဲ ရှဲ့ချုံရန်ဟာတစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားသည်။ အရင်ချိန်တွေတုန်းက သူ့အစ်ကိုကို လေးစားချစ်ခင်သည်ဟုပြောနေခဲ့သော်လည်း ကောကောနဲ့ပတ်သပ်သည့် သူငယ်ချင်း၊အပေါင်းအသင်း တစ်ဦးတစ်ယောက်ကိုမှခေါင်းထဲမထည့်ထားခဲ့မိပေ။ ကောကောဘာကြိုက်တတ်တယ်၊ ဘာကိုဝါသနာပါတယ်၊ အနှစ်သက်ဆုံးအရာကိုဘာလဲ ဆိုတာအထိ သူတစ်ခုမှမသိထားခဲ့ပေ။

ငယ်ငယ်လေးထဲက သူ့ရဲ့Omega အစ်ကိုကိုချစ်ခင်လေးစားပါသော်ညားလည်း Alpha နဲ့ Omega ဆိုတဲ့စည်းကြီးကို သူကိုယ်တိုင်သတ်မှတ်ခဲ့ပြီး ကောကောဘယ်လိုခံစားနေရလဲဆိုတာ သိပ်ဂရုမစိုက်မိချေ။ သူကအရူးပဲ။

"အကြီးဆုံးသခင်လေးပြန်လာပြီ!"

"အင်း"

ရှဲ့ချုံရန်၏နားရွက်ဖျားတွေမှာသေးငယ်စွာလှုပ်ခတ်သွားသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်စွာအလောတကြီးထရပ်လိုက်ပြီး အခုတင် အိမ်ထဲဝင်လာသည့်ရှောင်ကျန့်ရှေ့ ခြေလှမ်းကျဲကြီးတွေဖြင့်လှမ်းလာသည်။

"ဒီလောက်အကြာကြီးဘယ်တွေရောက်နေတာလဲ"

အခုလေးတင်အိမ်အပေါက်ဝကိုခြေချသည့် ရှောင်ကျန့်ဟာ အနည်းငယ်ကြောင်သွားသည်။ လက်ကနာရီကိုငုံ့ကြည့်လိုက်ပြီး စိုးရိမ်မှုအပြည့်ဖြင့်ရှဲ့ချုံရန်ကိုပြန်မော့ကြည့်သည်။

system 091 (Book 2)Where stories live. Discover now