(8.9)

2.6K 381 21
                                    

Unicode

ညနေကျောင်းဆင်းချိန်၌ ရှဲ့ချုံရန်က ကားသမားနဲ့အတူ ရှောင်ကျန့်ကိုကြိုတင်စောင့်ဆိုင်းနေပြီးသားဖြစ်နေ၏။ ရှဲ့ချုံရန်တို့ကျောင်းက ရှောင်ကျန့်လက်ရှိတတ်နေသည့်အထက်တန်းကျောင်းထက် ကျောင်းဆင်းချိန်စောတာကြောင့် ကြိုတင်ရောက်ရှိနေခြင်းပင်။ ကျောင်းကားအပြင်ဘက်တွင် ရှဲ့ချုံရန်က ကလေးလေးတစ်ယောက်လိုရှောင်ကျန့်ကို လက်ယမ်းပြနေသည်။

"ကိုကို...."

ကလေးငယ်တစ်ယောက်၏အသံက ရှောင်ကျန့်ရဲ့ခြေလှမ်းတွေကိုရပ်တန့်သွားစေသည်။ ရှောင်ကျန့်အနောက်တွင်လိုက်ပါလာသည့် ဟယ်စုန့်နန်က ခေါင်းထုတ်ပြီးအံ့အားသင့်စွာမေးလိုက်မိသည်။

"လု!...မင်းဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ကလေးငယ်လေး ဟယ်လုက အသည်းယားစဖွယ်မျက်တောင်လေးတစ်ချက်ခတ်ရင်း ဟယ်စုန့်နန်ကိုတိုက်ရိုက်လျစ်လျူရှု့ကာ ရှောင်ကျန့်ဘက်လှည့်လာ၏။

"ကျွန်တော် နန်ကောကိုစိတ်မချလို့လာကြည့်တာ....သူ့ခြေထောက်က သက်သာသေးတာမဟုတ်ဘူးလေ"

ပြောရင်းဆိုရင်းဖြင့် ဟယ်လုဟာသူ့ရဲ့သွားသေးသေးလေးတွေကိုမသိမသာ ကြိတ်လိုက်မိသည်။ ဒီမနက်က ကိုကို့ကိုတွေ့ချင်လွန်းလို့သေချာစီစဥ်ထားပေမယ့် ဟယ်စုန့်နန်ကသူ့ကိုသတိမပေးပဲ တစ်ယောက်တည်းလစ်ထွက်သွားခဲ့သည်။ ဒီ့အတွက်သူ့မှာဘာမှမတတ်နိုင်ပဲ ဒေါသတကြီးအံကြိတ်ရင်းကျန်ခဲ့ရ၏။

"ရှောင်လုက အစ်ကိုဖြစ်သူကိုအရမ်းသိတတ်တာပဲ"

ရှောင်ကျန့် မနေနိုင်စွာဟယ်လု၏ခေါင်းဖွာဖွာလေးကိုပွတ်သပ်ပေးလိုက်မိသည်။ ဒါကို ရှောင်ကျန့်နားပြေးလာသည့်ရှဲ့ချုံရန်ကမြင်ဖြစ်အောင်မြင်သွား၏။

"ကောကော!"

ရှဲ့ချုံရန်၏အနည်းငယ် ချဥ်စူးနေသည့်ခေါ်သံကိုကြားသည့်အခါတွင် ဟယ်လုခေါင်းပေါ်က ရှောင်ကျန့်ရဲ့လက်လေးမှာ ပြန်လည်ရုတ်သိမ်းမိသွားသည်။ ဒါကိုဟယ်လုကမကျေနပ်သလိုမျိုး ရှဲ့ချုံရန်ဘက်လှည့်ကြည့်လာသည်။ ရှဲ့ချုံရန်က ရှောင်ကျန့်ကိုသူ့အပိုင်ဖြစ်ကြောင်းပြသနိုင်ရန်အတွက် ရှောင်ကျန့်ရဲ့လက်မောင်းတစ်ဖက်ကိုပွေ့ဖက်ကာ သူ့ခန္ဓာကိုယ်ကြီးကိုမှီချလိုက်သည်။

system 091 (Book 2)Unde poveștirile trăiesc. Descoperă acum