(8.12)

3.5K 390 38
                                    

Unicode

ရှဲ့ချုံရန်၏ ရန်လိုမှုက မထင်မှတ်ထားအောင်ပြင်းထန်တာကြောင့် ကျန်းလီဟွေးဟာ အတော်လေးထိတ်လန့်သွားသည်။ သို့သော်လည်း မကျေနပ်စိတ်နဲ့အတူ ဒီကိစ္စကိုရှဲ့သခင်ကြီးအား သိစေချင်ပြီး နှစ်ယောက်လုံးကိုအနည်းနဲ့အများတော့ အပြစ်ခံစေချင်သည်။ ရှဲ့ချုံရန်က ရှဲ့လုပ်ငန်းစု၏ဆက်ခံသူတစ်ဦးဖြစ်တာကြောင့် ပြစ်ဒဏ်ကြီးကြီးမားမားခံစားရဖို့မဖြစ်နိုင်သော်လည်းပဲ ရှဲ့ယန်ကတော့ မွေးစားသားဖြစ်တဲ့အပြင် အသုံးမဝင်တဲ့ Omega ဆိုတဲ့အချက်အလက်ကြောင့် သူ့လိုသားအရင်းနဲ့နှိုင်းယှဥ်နိုင်လိမ့်မည်ဟုမထင်ပေ။

ဒါပေမယ့် သူ့ခန့်မှန်းချက်မှာလုံးဝတတ်တတ်စင်အောင်လွဲသွားသည်။ ရှဲ့သခင်ကြီးက ရှဲ့ယန်ကိုအပြစ်တင်ဆုံးမ ခဲ့ခြင်းမရှိခဲ့ချေ။ ရှဲ့ချုံရန်ကို နောက်ထိုသို့မလုပ်ရန်တစ်ခွန်းနှစ်ခွန်း ပြောရုံသာပြောပြီး ရှောင်ကျန့်ကိုကြည့်ကာသက်ပြင်းခပ်ဖွဖွချလျက် ထွက်သွား၏။

ဟုတ်တယ်။ အပြစ်တင် ဆုံးမတာမျိုးလည်းမရှိ၊ ရိုက်နှက်အပြစ်ပေးတာမျိုးလည်းမလုပ်ပဲ စိတ်သက်သာရာရသလိုသက်ပြင်းချပြီးထွက်သွားခဲ့တာ။

ထိုအဖြစ်အပျက်ကြောင့် ကျန်းလီဟွေးမှာ ဒေါသတကြီးခြေဆောင့်ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ချေ။

ရှဲ့သခင်ကြီးက သူ့ရဲ့ Omega သားအရင်းအပေါ် သံယောဇဥ်တွယ်တာမှုသိပ်မရှိသော်လည်း အပြစ်ရှိစိတ်တော့ခံစားရသေးသည်။ ကျန်းလီဟွေး၏အသက်အရွယ်နှင့်အညီ ကျောင်းတတ်နိုင်ဖို့ကြိုတင်စီစဥ်ပေးထားပြီးသားဖြစ်နေ၏။ ထိုအစီအစဥ်ကိုကြားလိုက်ရသည့်အခါတွင် ရှဲ့ချုံရန်က သဘောမကျမနှစ်မြို့သလိုမျက်မှောင်ကြုပ်လိုက်၏။

သူ့ကောကောကို ဒီတစ်ယောက်နဲ့ တစ်ကျောင်းတည်း၊တစ်ခန်းတည်းထားမှာ သူလက်မခံနိုင်ပေ။ ရှဲ့သခင်ကြီးကိုအထွန့်တတ်ဖို့ရန်ပါးစပ်ဟ လိုက်သော်လည်း ရှောင်ကျန့်က ရှဲ့ချုံရန်၏လက်ဖဝါးပြင်ကြီးကို ခပ်ဖွဖွ ဖျစ်ညှစ်ကာ ထိုသို့မလုပ်ဖို့ ခေါင်းအသာခါရင်းတားဆီးလိုက်သည်။

system 091 (Book 2)Where stories live. Discover now