(8.15)

2.1K 269 34
                                    

Unicode

နူးညံ့မှုအပြည့်ဖြင့် ပန်းရောင်မျက်ဝန်းပိုင်ရှင်ဟာ စိုးရိမ်ရိပ်သမ်းနေသည့်အသံဖြင့် ရှောင်ကျန့်ကိုမေးလာသည်။

"အဆင်ပြေရဲ့လား....တစ်နေရာရာထိခိုက်မိသွားသေးလား"

ဟယ်စုန့်နန်ခမျာလည်း ပြာပြာသလဲဖြင့် ဘေးကနေ ရဲ့ချင်ကိုဆွဲထူပေးလာ၏။

ရှောင်ကျန့် ခေါင်းခါလိုက်သည်။ ကျန်းလီဟွေးက ဒီဘယ်နေရာကထွက်လို့ထွက်လာမှန်းမသိသည့် ထိုလူကိုကြည့်ရင်း အနည်းငယ်နားမလည်ဖြစ်သွားသည်။ ဒါပေမယ့်ဝါရင့်သရုပ်ဆောင်တစ်ယောက်အနေဖြင့် မည်သို့အချိန်ကိုက်ပြုမူသင့်သည်ကို နားလည်၏။

"ရှဲ့ယန်!.. ဘာဖြစ်သွားသေးလဲ....အဟင့်....အကုန်ငါ့ကြောင့်ပါ....ငါ့ကိုကာကွယ်ဖို့ မင်းဒီလိုဖြစ်သွားခဲ့တာ"

လူတိုင်းဆီက စိတ်ဝင်စားမှုကို တစ်သီတစ်တန်းကြီးရရှိထားသူတစ်ယောက်ဟာ ရှားရှားပါးပါး သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက်ကို အနည်းနဲ့အများတော့ စိတ်ဝင်တစားရှိတတ်သည်။ ဒါကြောင့် ကျန်းလီဟွေးဟာ အနှီး ပန်းရောင်ဖျော့ဖျော့မျက်ဝန်းပိုင်ရှင်လူသားဘက် မျက်လုံးလေးတောင်စွေမကြည့်ပါပဲ ရဲ့ချင်ကိုသာအထပ်ထပ်အခါခါတောင်းပန်နေလေသည်။ ဒါမှ သေးသေးလေးပဲဖြစ်ဖြစ် သူ့အပေါ်စိတ်ဝင်စားမှရှိလာခဲ့ရင် နောက်ဆက်တွဲကိစ္စရပ်တွေက ပိုမိုလွယ်ကူလာပေလိမ့်မည်။

ဒီတစ်ယောက်က မှော်ဆန်ဆန်ဘယ်ကထွက်လာမှန်းမသိပေမယ့် သူ့စံနှုန်းတွေနဲ့ပြည့်မှီပြီး သူစိတ်ဝင်စားမှုကို ရရှိဖို့ ထိုက်တန်သည်။

ဒါပေမယ့် သူ့တွက်ချက်မှုနဲ့ လုပ်ရပ်တွေမှာ မထင်မှတ်ထားအောင် သောက်တလွဲဖြစ်သွားခဲ့ရှာ၏။

ထိုသူက ရှောင်ကျန့်ကို ညင်ညင်သာသာဆွဲထူလိုက်ပြီးနောက်တွင် ကျန်းလီဟွေးဘက်ဆိုးဆိုးဝါးဝါးစူးစိုက်ကြည့်လာသည်။

"ဟုတ်တယ်....အားလုံး မင်းအပြစ်တွေချည်းပဲ....အစတည်းက မင်းသာနမော်နမဲ့မလုပ်ခဲ့ရင် သူကမင်းကိုကူညီဖို့ ဒီအခြေအနေထိရောက်လာခဲ့မှာမဟုတ်ဘူး"

system 091 (Book 2)Where stories live. Discover now