(8.7)

2.9K 378 26
                                    

Unicode

ရှဲ့ချုံရန်က ငတ်ပြတ်နေသည့်သားရဲတစ်ကောင်လိုအရူးအမူးနမ်းရှိုက်နေခဲ့သည်။ နောက်ဆုံး ရှောင်ကျန့်အသက်ရှုကြပ်လာသည်ကိုခံစားမိသွားကာမှ သူ့နှုတ်ခမ်းကိုပြန်ခွာလိုက်သည်။ ရှဲ့ချုံရန်၏မျက်လုံးတွေက ရှောင်ကျန့်တစ်ကိုယ်လုံးကိုဝါးမြိုပြစ်ချင်နေသလိုမျိုးတောက်လောင်ပူပြင်းနေပြီး ဖောက်မမြင်နိုင်အောင်နက်မှောင်နေသည်။

ချိုတယ်။ ကောကောရဲ့နှုတ်ခမ်းကအရမ်းချိုလွန်းတယ်။ ဘာလို့ဒီလောက်တောင်ချိုမြိန်လွန်းနေရတာလဲ။

ထိုအခိုက်အတန့်မှာပင် အိပ်မက်ကဘယ်လောင်ပင်ကောင်းမွန်နေပါစေ၊ တကယ့်လက်တွေ့ခံစားချက်ကိုတော့နှိုင်းယှဥ်မရကြောင်းသူနားလည်သွားသည်။

ရှောင်ကျန့်က သူ့ပါးစပ်ဟစိဟစိ ဖြင့်အသည်းအသန်လေကိုအဝရှုနေရသည်။ သူ့မျက်လုံးထောင့်လေးက မျက်ရည်စတစ်ချို့စွန်းထင်းနေပြီး ခပ်ရဲရဲလေးဖြစ်နေသည်။ ပါးပြင်နုနုထက်က ခပ်ဖျော့ဖျော့နီရဲရဲအရာလေးက ရှဲ့ချုံရန်ကိုအရူးအမူးဖြစ်သွားစေသည်။

ရှဲ့ချုံရန်က အမောဖြေနေဆဲဖြစ်သည့်ရှောင်ကျန့်ကိုထပ်မံဖိနမ်းလာပြန်သည်။

"အွန်း......"

သူကအရမ်းလောဘကြီးလွန်းသည်။ ရှောင်ကျန့်ရဲ့အရာအားလုံးကို သေးသေးလေးတောင်မကျန်ပိုင်ဆိုင်ချင်နေသည့်ပုံရ၏။ ရှဲ့ချုံရန်၏ အင်အားကြီး Alpha pheromone က ရှောင်ကျန့်ဆီကထွက်ပေါ်လာသည့် Omega pheromone ရဲ့ရောနှောပေါင်းစပ်သွားသည်။ ရှောင်ကျန့်ခြေဖျားလက်ဖျားတွေတုန်ရီလာပြီး မငြင်းဆန်နိုင်သည့်သာယာမှုလှိုင်းကသူ့တစ်ကိုယ်လုံးပျံ့နှံ့သွားလေသည်။

အံ့အားသင့်စရာကောင်းစွာပင် pheromone နှစ်ခုက ပြီးပြည့်စုံစွာပေါင်းစပ်သွားခဲ့သည်။ ရှဲ့ချုံရန်နမ်းရှိုက်နေဆဲကြားမှာပင် ရှောင်ကျန့်နှုတ်ခမ်းကြားလေးထဲက ဆွဲဆောင်မှုပြင်းထန်လွန်းလှသည့် ငြီးသံသေးသေးလေးတစ်ခုပျံ့လွင့်သွားသည်။ ရှဲ့ချုံရန်၏ခန္ဓာကိုယ်မှာ ထိုသေးငယ်သောအသံလေးကြောင့်တောင့်ခဲသွား၏။

system 091 (Book 2)Where stories live. Discover now