(8.16)

1.3K 223 24
                                    

Unicode

"ဘယ်သွားမှာမို့လို့ ဒီလောက်တောင်ပြင်ဆင်ထားရတာလဲ"

အန်းကျောက်ချွမ်က တစ်ကိုယ်လုံးမှန်ရှေ့ကမခွာ၊ ရေမွှေးပုလင်းလိုက်မှောက်ချထားပုံမျိုးဖြင့် ဝတ်စားနေကျ ရိုးရာဝတ်စုံကိုတောင် ခေတ်သစ်စတိုင်ဝတ်စုံဖြင့်အစားထိုးထားလေသည်။

မှန်ရှေ့ ဟိုလှည့်ဒီလှည့်ဖြင့် စိတ်တိုင်းကျရှိုးထုတ်နေတဲ့ အန်းကျောက်ချွမ်ဟာ လှေကားအလည်နားလောက်က မတ်တပ်ရပ်နေသည့် အရပ်မြင့်မြင့်ပုံရိပ်တစ်ခုကို မျက်လုံးစွေကြည့်သည်။

"အချစ်နဲ့ သွားတွေ့မလို့"

"????"

တစ်ဖက်အမျိုးသား၏ အစိမ်းရောင်မျက်လုံးတွေမှာ ပဟေဠိအပြည့်ဖြင့် အနည်းငယ်ဇဝေဇဝါဖြစ်သွားပုံရသည်။ အန်းကျောက်ချွမ်က စိတ်ထဲထားမနေပဲ လေတစ်ချွန်ချွန်ဖြင့် အနီရောင်ခပ်လန်းလန်းပြိုင်ကားတစ်စင်းထုတ်မောင်းရင်း ချိန်းထားသည့်နေရာကို တတ်ကြွမှုအပြည့်ဖြင့် ထွက်လာခဲ့လေသည်။

ကျန်းလီဟွေး ကော်ဖီဆိုင်ထဲရောက်တော့ သူ့မျက်လုံးထဲ အရင်ဆုံးထင်းကနဲဝင်လာတာက အညိုရောင်ကုပ်အရှည်နဲ့ ငွေမျှင်ရောင်ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စုချည်ထားသည့် Alphaတစ်ယောက်ဖြစ်သည်။ သူ့ညာဘက်နားတွင် ပုလဲသုံးလုံးစီတန်းထားပြီးငှက်မွှေးနှင့် တွဲစပ်ထားသည့် နားဆွဲတစ်ဖက်ရှိနေ၏။

သို့ပေမယ့် အနည်းငယ်တောင် မိန်းကလေးဆန်သည်ဟု မခံစားရပါပဲ နဖူးပေါ် ခပ်ယဲ့ယဲ့ကျနေသောဆံသားလေးတွေကအစ ပြောမပြတတ်နိုင်လောက်အောင် ကြည့်ကောင်းလွန်းသည်။ ဒီတစ်ယောက်က ရုပ်ရည်ပိုင်းတွင် အဓိကဇာတ်လိုက် ရှဲ့ချုံယန်အောက်လုံးလုံးမကျပါချေ။

ကော်ဖီဆိုင်ထဲက ယောက်ျား၊မိန်းမမှန်သမျှ၏ အကြည့်အားလုံးကိုထိုသူတစ်ယောက်တည်းက သိမ်းယူထားလေသည်။

တစ်ဖက်သူ၏ရုပ်ရည်ကို ကျေနပ်အားရသွားသည့် ကျန်းလီဟွေးက သူ့ဆံပင်တွေကိုသပ်တင်ရင်း ယဥ်ကျေးသိမ်မွေ့သည့်အပြုံးလေးကို တပ်ဆင်ကာ အန်းကျောက်ချွမ်နား လျှောက်သွားလိုက်သည်။

system 091 (Book 2)Donde viven las historias. Descúbrelo ahora