(8.13)

1.8K 282 30
                                    

Unicode

အတန်းချိန်အပြီးတွင် အခန်းထဲကကျောင်းသားအုပ်စုမှာ ကျန်းလီဟွေးနားဝိုင်းအုံလာကြသည်။

"နင်ခုနက ပြောလိုက်တာတကယ်ကြီးလား....ငါသိထားတာ ရှဲ့ယန်ကမှ ရှဲ့လုပ်ငန်းစုရဲ့သားကြီးပါ"

"ဟုတ်တယ်....ဟုတ်တယ်....ဘာတွေဖြစ်သွားတာလဲ"

ကျန်းလီဟွေးက နူးညံ့ညင်သာစွာပြုံးရင်း စိတ်ထဲ၌ အကျေနပ်ကြီးကျေနပ်နေ၏။ အရာအားလုံးက သူ့ခန့်မှန်းမှုအတိုင်း ဆက်သွားနေသည်။

"အမှန်တော့ ကျွန်တော်က အသက်၂နှစ်အရွယ်လောက်တည်းက မိသားစုနဲ့ကွဲကွာသွားခဲ့တာ....မိသားစုနဲ့ပြန်တွေ့တာ ရက်ပိုင်းလောက်ပဲရှိသေးတယ်....အဲ့အချိန်တုန်းက ကျွန်တော့်မှာညီလေးတစ်ယောက်ရှိနေမှန်း သိလိုက်ရတော့အရမ်းပျော်ခဲ့ရတာ"

သဘာဝကျကျပင်ပြုံးရယ်ရင်း ကျန်းလီဟွေးဟာ သူတစ်ယောက်တည်းတုန်းက ရုန်းကန်ခဲ့ရတဲ့သဝအခြေအနေကို စတင်ပြောပြလာခဲ့၏။ သူ့စကားတွေကနေတစ်ဆင့် အဖြစ်အပျက်အလုံးစုံကို ခန့်မှန်းသိရှိလိုက်ရပြီးနောက်တွင် လူတိုင်းဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ပါချေ။

"ဒါဆို ရှဲ့ယန်က မွေးစားသားပေါ့"

"ငါတကယ် မထင်ထားဘူး"

ကျန်းလီဟွေး၏ သူ့ဘဝအခြေအနေအပေါ် ရင်ဖွင့်ပြောဆိုမှုမှာ ကျောင်းသားအုပ်စုအား ဂရုဏာသနားစိတ်ထွက်ပေါ်လာစေသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့မိဘနဲ့ ကွဲကွာခဲ့ရတဲ့အပြင် ဘဝတစ်လျောက်လုံးကြိုးစားရုန်းကန်ခဲ့ရသည်။ မိသားစုနဲ့ပြန်တွေ့တော့လည်း ညီငယ်ဖြစ်သူကလက်ခံချင်ပုံမရပေ။

စိတ်ထားနူးညံ့သည့်ကျောင်းသူလေးတွေက ကျန်းလီဟွေး၏ဝမ်းနည်းမှုကို တတ်နိုင်သမျှ ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြသည်။

ဒါတွေအားလုံးကြားလိုက်ရတဲ့ ရှောင်ကျန့်မှာ မျက်ဆန်သာတစ်ပါတ်လောက်လှည့်လိုက်ချင်တော့သည်။ ဆင်းရဲဒုက္ခအလုံးစုံကို ခံစားခဲ့ရတာ ကျန်းလီဟွေးနဲ့တစ်စက်လေးမှ မသက်ဆိုင်တဲ့ ရှဲ့မိသားစုရဲ့တကယ်သားအရင်း ရှဲ့ယျန်အစစ်ဖြစ်သည်။ သနားစရာလူမှာ ထိုသူမှ သူအစစ်ဟုပြောနိုင်သည်။ ဘဝတစ်လျောက်လုံး မိဘအရင်းတွေရှိလို့ရှိမှန်းမသိပဲ ကြိုးစားရုန်းကန်ခဲ့ရပေမယ့် သူ့ခန္ဓာကိုယ်မှာ အတင်းအကြပ်လုယူခံခဲ့ရပြီး သူခံစားခဲ့ရသည့်ဒုက္ခတွေကို တရားခံက ခုတုံးလုပ်ကာ လူတိုင်းဆီကသနားကြင်နာမှုကို ရယူချင်နေသေးသည်။

system 091 (Book 2)Where stories live. Discover now