(8.14)

2K 308 25
                                    

Unicode

"ဟို....ငါမင်းနဲ့အတူ ကန်တင်းသွားလို့ရမလား"

နေ့လည်စာကျောင်းဆင်းချိန်အရောက်တွင် ကျန်းလီဟွေးဟာ ရှောင်ကျန့်နား ဦးစွာကပ်လာ၏။ ပစ္စည်းတွေ ထည့်သိမ်းနေရင်း ရှောင်ကျန့်ကခေါင်းမော့ကြည့်လိုက်သည်။ အမှန်တိုင်းပြောရရင် သူ မအံ့ဩပေ။ လူအများဆီက အမြင်ကောင်းသဲ့ယူနိုင်ဖို့အတွက် သူကအကောင်းဆုံးအသုံးချခံပစ္စည်းပဲမဟုတ်ပါလား။

"ရှဲ့ယန်က ငါနဲ့အတူသွားမှာ"

ဟယ်စုန့်နန်က ရှောင်ကျန့်အရှေ့ပိတ်ရပ်ရင်း ကျန်းလီဟွေးကို ဘုကြည့် ကြည့်သည်။ ကျန်းလီဟွေးဟာ အနည်းငယ်ဝမ်းနည်းသွားသည့် မျက်နှာငယ်လေးဖြင့် နှိမ့်ချစွာခေါင်းငုံ့လိုက်သည်။

"ငါ...ငါက ရှဲ့ယန်နဲ့ရင်းနှီးချင်လို့ပါ....ဒီကျောင်းမှာ ရှဲ့ယန်ကလွဲလို့တစ်ခြားသူတွေနဲ့ သိပ်မရင်းနှီးဘူးလေ"

"မင်းစကားက မသိရင်ရှဲ့ယန်နဲ့မင်းက ငယ်သူငယ်ချင်းအရင်းကြီးတွေကျနေတာပဲ....စကားကိုသတိထားပြော....မင်းရောက်လာတာမှရက်ပိုင်းပဲရှိသေးတယ်....ရှဲ့ယန်ရှေ့ ခဏခဏပေါ်ပေါ်လာပြီး ရှဲ့ယန်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်စမ်းပါနဲ့...."

"ငါ...."

ကျန်းလီဟွေးက တစ်ဖက်သပ်နှိပ်စက်ခံလိုက်ရပုံဖြင့် မျက်လုံးလေးတွေနီရဲလာသည်။ မသိရင် အချိန်မရွေး ငိုချတော့မည့်အတိုင်းပင်။

"ဟယ်စုန့်နန်....မင်း သူ့ကို ငိုအောင်မလုပ်ပါနဲ့"

ရှောင်ကျန့်သည် အချိန်ကိုက်ဆိုသလို စကားဝိုင်းထဲဝင်ရောက်လာပြီး ဟယ်စုန့်နန်ကိုဆူပူသည့်ဟန်ဖြင့် ကျန်းလီဟွေး၏ပုခုံးကိုပုတ်လိုက်သည်။

"သူ့ကိုစိတ်ထဲထားမနေနဲ့....သူက တစ်ခုခုဆိုတည့်တိုးပြောတတ်လို့ပါ..."

"အာ...အင်း"

ရှောင်ကျန့်က နှစ်သိမ့်ဖြန်ဖြေပေးလာမှတော့ သူဆက်ငိုရင် တစ်ခြားသူတွေအမြင်မှာ မဆိုးဝါးသွားနိုင်ဘူးလား။ ကျန်းလီဟွေးခမျာ အင်တင်တင်ဖြင့် ထွက်လုထွက်ခင် သူ့မျက်ရည်တွေကို ပြန်သွင်းလိုက်ရသည်။

system 091 (Book 2)Where stories live. Discover now