(8.8)

3K 386 36
                                    

Unicode

ရှဲ့ချုံရန်က ဝမ်ရိပေါ်ဖြစ်ကြောင်းသိလိုက်ရပြီးကတည်းက ရှောင်ကျန့်ဟာသူတို့နှစ်ယောက်ကြားကစည်းကို ကိုယ်တိုင်ချိုးဖြတ်ပြီး အရင်တုန်းကလို သတိထားဆက်ဆံတာမျိုးမရှိတော့ပေ။ ရှဲ့ချုံရန်၏အမူအကျင့်မှာ ဇောက်ထိုးမိုးမြော်ပြောင်းလဲသွားပြီး ရှောင်ကျန့်အပေါ် အချိန်တိုင်းလိုလိုခွာမရတဲ့ ပလာစတာလေးတစ်ခုလိုပြုမူလာသည်။

ရှဲ့ချုံရန် ခန္ဓာကိုယ်ထဲကဝိဥာဥ်မှာ အသက်လေးဆယ်ကျော်ဦးလေးကြီးတစ်ယောက်မှန်းသိနေပေမယ့် အပြင်ပန်းခန္ဓာကိုယ်မှာ လူပျိုဖော်ဝင်ကာစ အသက်၁၄နှစ်အရွယ်မျက်နှာလေးဖြစ်နေတော့ မချော့ခင်တည်းကပျော့ချင်နေတဲ့ရှောင်ကျန့်ခမျာ ငြင်းဆန်နိုင်သည့်စွမ်းအားတစ်စက်ကလေးမှမရှိတော့ပေ။

ရှဲ့အိမ်တော်တစ်ခုလုံး ရုတ်တရတ်ဆန်စွာပြောင်းလဲသွားသည့်အခြေအနေနှင့်ကျင့်သားမရသေးသလိုခံစားလိုက်ရသည်။ ဘယ်တုန်းကများသခင်လေးနှစ်ယောက်က ဒီလောက်ထိပူးပူးကပ်ကပ်နေခဲ့ဖူးလို့လဲ။ ကံကောင်းတာတစ်ခုက ရှဲ့သခင်ကြီးမှာအရေးကြီးအလုပ်ကိစ္စတစ်ခုကြောင့်နိုင်ငံခြားမှာတစ်လလောက်နေရပေလိမ့်မည်။ မဟုတ်ရင် အစတည်းက ရှဲ့ချုံရန်ကို ရှောင်ကျန့်နဲ့နီးနီးကပ်ကပ်နေသည့်ကိစ္စနဲ့ပတ်သတ်ပြီးပြဿနာရှာပေလိမ့်မည်။

ကျောင်းပိတ်ရက်နှစ်ရက်က လျှင်လျှင်မြန်မြန်ပင်ပြီးဆုံးသွားသည်။ ကျောင်းဝင်းထဲသို့ပထမဦးဆုံးခြေချစဥ်မှာပင် ဟယ်စုန့်နန်၏အသံကျယ်ကြီးက နားထဲသို့စူးစူးဝါးဝါးတိုးဝင်လာ၏။

"ရှဲ့ ယန်..... "

"ဘာဖြစ်လို့လဲ"

ဟယ်စုန့်နန်က ရှောင်ကျန့်ပုခုံးတစ်ဖက်ပေါ်လက်တင်လိုက်ပြီး သွားဖြဲပြလိုက်သည်။

"ငါမင်းကိုလွမ်းနေတာ...."

ရှောင်ကျန့်သက်ပြင်းချလိုက်၏။ ပြီးနောက် ဟယ်စုန့်နန်၏ပတ်တီးစီးထားဆဲဖြစ်သည့်ခြေထောက်ကိုကြည့်ပြီးမေးလိုက်သည်။

"မင်းခြေထောက်သက်သာရဲ့လား"

"ဒါပေါ့....ငါက ဘယ်သူမို့လို့လဲ....နည်းနည်းနာနေသေးပေမယ့် ဆိုးဆိုးဝါးဝါးကြီးမဟုတ်တော့ ပေါ့ပေါ့ပါးပါးလမ်းလျှောက်တာလောက်က ရတယ်"

system 091 (Book 2)Where stories live. Discover now