(8.6)

2.7K 394 34
                                    

Unicode

"မင်း....အဆင်ပြေရဲ့လား"

ရှောင်ကျန့်က ကြောင်အ နေသည့်ကွေ့ထန်ယဲ့ရှေ့တွင် သူ့လက်ဖဝါးလေးကိုဟိုဘက်ဒီဘက် ယမ်းခါပြလိုက်သည်။ ကွေ့ထန်ယဲ့က ပြန်လည်သတိဝင်လာပြီး ရှောင်ကျန့်သတိမထားမိခင် သူ့မျက်မှန်အောက်ကမျက်လုံးတွေအတွင်း၌ အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။

ကွေ့ထန်ယဲ့က သူ့ရဲ့ငယ်ရွယ်တဲ့မျက်နှာလေးကိုသေးငယ်စွာမဲ့လိုက်ပြီး ခေါင်းအနောက်ဘက်နှင့်ကျောပြင်ကိုနာကျင်သည့်ဟန်ထိတွေ့လိုက်သည်။ သူ့ပုံစံကအရမ်းမူပိုပြနေတာမျိုးမရှိပဲ အမှန်တကယ် နောက်ကျောနဲ့ခေါင်းကိုထိခိုက်သွားဟန်ပေါ်နေ၏။

[host...]

'ဟမ်....ဘာလဲ'

[host အရှေ့ကတစ်ယောက်က ဒီကမ္ဘာရဲ့ဗီလိန်ကြီး ကွေ့ထန်ယဲ့ လို့ခေါ်တယ်....]

'.....'

ရှောင်ကျန့်မျက်ခုံးပင့်မိသွားသည်။

မူရင်းဇာတ်ကြောင်းထဲတွင် ရှောင်ကျန့်အမြင်အကပ်ဆုံးနဲ့ကြည့်မရဆုံးဇာတ်ကောင်ကိုပြပါဆိုရင် ဗီလိန်ကွေ့ထန်ယဲ့ကိုသာလက်ညှိုးထိုးပြရပေလိမ့်မည်။ ဒီလူက မျက်နှာနှစ်ဖက်ရှိနေတဲ့အပြင် တစ်ခြားသူတွေ၏စိတ်ခံစားချက်ကို ကစားရာတွင်တော်သည်။

မူလကိုယ်က ကွေ့ထန်ယဲ့၏တစ်ချိန်လုံးအသုံးချတာကိုခံခဲ့ရပြီး အရာအားလုံးကိုလက်မည်းကြီးတစ်ခုလိုနောက်ကွယ်က ခိုင်းစေ၍ ရေဆိုးရေညစ်တွေအားလုံးကို မူလကိုယ်ရှဲ့ယန်ပေါ်သို့လောင်းချခဲ့၏။ အစတည်းက ချစ်ခြင်းမေတ္တာကိုမျှော်လင့်နေသည့် မူလရှဲ့ယန်က ကွေ့ထန်ယဲ့၏အပြစ်ပုံချမှုကို ပျော်ပျော်ကြီးလက်ခံခဲ့သည်။ သူကိုယ်တိုင်ပင်ထုတ်ဖော်ပြောပြခဲ့သေးသည်။

ဇာတ်ကြောင်းတစ်ပိုင်းတစ်စအရ ကွေ့ထန်ယဲ့က အလွန်အမင်းအသန့်ကြိုက်သည်။ သူက တစ်ခါမှမူလကိုယ်ကိုနမ်းရှိုက်ခြင်းမရှိခဲ့သလို အတူအိပ်ဖို့ဝေးစွ၊ လက်တောင်ကိုင်ခဲ့ဖူးတာမဟုတ်ပေ။ ရှားရှားပါးပါး ရှဲ့ချုံရန်ကိုအဖြစ်မှန်တွေဖော်ပြ၊ပြောပြချိန်မှာ မူလရှဲ့ယန်ကိုတစ်ခါမျှ သူ့ရင်ခွင်ထဲတွင်ပွေ့ဖက်ခဲ့ဖူး၏။ ပြီးတာနဲ့ ဗီလိန်ကြီးဟာအသည်းအသန်အော့အန်ခဲ့ပြီး နေ့ဝက်လောက်သူ့အရေပြားကိုကွာကျလုမတတ်တိုက်ချွတ်ဆေးကြောခဲ့လေသည်။

system 091 (Book 2)Where stories live. Discover now