(8.17)

1.2K 215 11
                                    

Unicode

"စာအတူလုပ်ဖို့လား?"

ရှောင်ကျန့်၏ အံ့အားသင့်သွားသော မျက်နှာလှလှလေးကိုကြည့်ကာ အတန်းပိုင်ဆရာမက အနည်းငယ်အားနာနေဟန်ရ၏။

"အင်း....ကျောင်းသားရွှီက စာသိပ်လိုက်နိုင်တဲ့ထဲမပါတော့ အခန်းထဲမှာထိပ်တန်းကျောင်းသားဖြစ်တဲ့ ကျောင်းသားရှဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ"

"ဒါက နည်းနည်း....."

"ကျောင်းသားရှဲ့....."

အတန်းပိုင်ဆရာမ မျက်နှာကအချိန်မရွေးငိုချတော့မည့်အတိုင်းပင်။ ရှောင်ကျန့်တောင် ထိုမျက်နှာကြောင့် သူများ အပြစ်လုပ်မိသွားလားဟူ၍ လန့်သွားသည်အထိ။

"မင်းသာ လက်မခံရင်ကျောင်းသားရွှီရဲ့အနာဂတ်အတွက် ဆရာမ လည်း မစဥ်းစားတတ်တော့ဘူး"

"အာ...."

"ကျောင်းသားရှဲ့ စာလုပ်တဲ့အချိန်တွေမှာ ကျောင်းသားရွှီကိုနည်းနည်းလောက်ဖြစ်ဖြစ် စာပြပေးရုံပါပဲ....ကျောင်းမှာ စာပြလို့အဆင်မပြေရင် ကျောင်းသားရွှီကို ကျောင်းသားရှဲ့အိမ်အထိခေါ်သွားပြီး ညနက်တဲ့အထိစာပြပေးလို့ရပါတယ်.....ကျောင်းသားရွှီတို့မိသားစုက ညနက်ရင်တောင် ကားနဲ့လာကြိုသွားမှာမို့ ကိစ္စမရှိဘူးလို့ပြောထားတာမို့"

ဒါက သောက်ကျိုးနဲကို မဟုတ်သေးဘူးလေ။ အဲ့ဒီရွှီကောင်းမင်ဆိုတဲ့ ခပ်ထွားထွားAlphaကျောင်းသားသစ်က ထူးထူးဆန်းဆန်းဆံပင်ဘုတ်သိုက်ကြီးနဲ့ ခဏခဏသူ့ကိုရူးကြောင်ကြောင်စိုက်ကြည့်နေတတ်တဲ့အပြင် သူ့ကြည့်ရတာလည်း ဂိုက်ဆရာ မငှားနိုင်တဲ့အထိ ဆင်းရဲနေပုံလည်းမပေါ်ပါဘူး။ ဘာကြောင့်များ သူ့လိုကျောင်းသားတစ်ယောက်ကိုမှ ဒီလောက်လေးလံတဲ့ပြဿနာကြီးပစ်ပေးလာရတာတုန်း။ အဲ့တစ်ယောက်ကြောင့် သူ့အဆင့်တွေကျသွားမှာရော မစိုးရိမ်ဘူးလား။

'မိသားစုက ဂိုက်မငှားပေးဘူးလား'ဆိုတဲ့ ရှောင်ကျန့်၏ အမေးစကားကို အတန်းပိုင်ဆရာမက တောင့်တောင့်ကြီးပြုံးရင်း အဖြေပြန်ပေးသည်။

"ကျောင်းသားရွှီအတွက် သူ့မိသားစုက ဂိုက်ငှားပေးခဲ့ဖူးပါတယ်....ဒါပေမယ့် ဘာမှထွေထွေထူးထူးမတိုးတတ်လာတော့ စာတော်ပြီးထူးချွန်တဲ့ အတန်းတူသူငယ်ချင်းနဲ့ စာအတူပေးလုပ်ရင် ပညာရေးအခြေအနေတိုးတတ်လာမလားဆိုပြီး မိဘဆရာအချင်းချင်းတိုင်ပင်ပြီးမှ ဒီလိုစီစဥ်လိုက်ရတာပါ"

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

system 091 (Book 2)Where stories live. Discover now