(8.10)

2.8K 395 33
                                    

Unicode

ရှဲ့ချုံရန်က ရှောင်ကျန့်ကိုသူ့အခန်းထဲထိ ဆွဲခေါ်လာခဲ့သည်။ အခန်းတံခါးပိတ်ပြီးနောက် သူ့ရဲ့ဒေါသတကြီးအမူအရာမှာချက်ချင်းပျောက်ကွယ်သွားပြီး ရှောင်ကျန့်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်၏။

"အဖေက ကောကောကိုဒီလိုတွေးထားမှန်း ထင်တောင်မထင်ထားဘူး"

ရှဲ့သခင်ကြီးက ရှောင်ကျန့်ကိုအိမ်ကနှင်ထုတ်တဲ့ရူးကြောင်ကြောင်လုပ်ရပ်မျိုးလုပ်မှာမဟုတ်ကြောင်း အာမခံခဲ့သော်လည်း မွေးစားသားတစ်ယောက်ဟုလွယ်လွယ်ကူကူပြောထွက်ခဲ့ခြင်းက အစပိုင်းကတည်းက သားအရင်းတစ်ယောက်အဖြစ်သံယောဇဥ်မရှိပဲ ဒီအတိုင်းမွေးစားရုံမွေးစားထားသည့်ကလေးတစ်ယောက်အဖြစ်သတ်မှတ်ထားခြင်းသာဖြစ်ကြောင်း အရမ်းသိသာသည်။ ရှဲ့ချုံရန်ဒေါသထွက်သွားခြင်းမှာလည်း ရှဲ့သခင်ကြီး၏ထိုသဘောထားကြောင့်ပင်။

"ဒါက ကောကောအတွက်မတရားဘူး"

ရှဲ့ချုံရန်ဟာ ဝမ်းနည်းနေသည့်အသံသေးသေးလေးဖြင့် ရှောင်ကျန့်လည်ပင်းကြားထဲခေါင်းအပ်ကာ ကိုယ်သင်းနံ့နဲ့ pheromone ကိုရှုရှိုက်လိုက်သည်။

"ကိစ္စမရှိပါဘူး"

ရှောင်ကျန့်က ရှဲ့ချုံရန်၏ကျောကိုခပ်ဖွဖွပုတ်ပေးရင်းနှစ်သိမ့်လိုက်သည်။

"ကောက အနာဂတ်မှာမင်းရဲ့အစ်ကိုမှ မဖြစ်နိုင်တဲ့ဟာ"

ရှဲ့ချုံရန်သည် ခဏမျှကြောင်သွားပြီးနောက် ချက်ချင်းတတ်ကြွလာ၏။

"သူက ကောတို့ဆက်ဆံရေးကိုချပြဖို့ အခွင့်အရေးကောင်းတစ်ခုပဲ"

ရှဲ့ချုံရန်၏မျက်နှာမှာပိုမိုဝင်းပလာ၏။ လူတိုင်းနီးပါး သူနဲ့ကောကောကိုညီအစ်ကိုရင်းတွေအဖြစ်သိထားကြတာကြောင့် သူတို့ဆက်ဆံရေးကိုရုတ်တရတ်ကြီးချပြဖို့ အခက်အခဲနည်းနည်းရှိသည်။ ဒါပေမယ့် အခုရောက်လာတဲ့တစ်ယောက်က သူတို့အတွက်အလိုလျောက် ရှေ့ကနေလမ်းခင်းပေးသွားလိမ့်မည်။

"ကျွန်တော်....ကျွန်တော်အခုပဲ အဖေ့ဆီသွားပြောတော့မယ်"

ရှောင်ကျန့်မျက်လုံးပြူးသွားသည်။

system 091 (Book 2)Onde histórias criam vida. Descubra agora