Chapter - 64 ( Final )

15.8K 552 59
                                    

ပွဲစရန်မိနစ်အနည်းငယ်အလိုမှာ အနက်ရောင်ကားတန်းကြီးက ခန်းမရှေ့သို့ရောက်လာကြသည် ။ အလယ်မှာ အဖြူရောင်ကားအရှည်ကြီးရှိနေပြီး ကော်ဇောနီရှေ့တည့်တည့်မှာရပ်လိုက်သည် ။ နောက်ဆုံးတော့ ဒီနေ့ပွဲရဲ့အထူးဧည့်သည်တော်တွေ ရောက်လာကြပြီမို့ သတင်းထောက်တွေနဲ့ဓာတ်ပုံဆရာတွေက ကင်မရာတွေကိုကိုင်ဆောင်ရင်း ဘေးဘက်တွေမှာ ဝိုင်းအုံ​နေကြသည် ။

ကားပေါ်ကနေပထမဆုံးဆင်းလာသူက မင်းယွီဖြစ်ပြီး ဖြူစင်တဲ့အပြုံးလေးနဲ့ အားလုံးကိုပြုံးပြနေသည် ။ မင်းယွီက အားလုံးထင်ထားတာထက် ငယ်ရွယ်ပြီး ဝါဂွမ်းလေးလို နူးညံ့တဲ့ပုံပေါ်၍  ဘယ်သူမှအကြည့်မလွှဲနိုင်ကြတော့ပေ ။ ပိုင်မင်းယွီကငယ်ရွယ်သည့်ဥက္ကဌတစ်ယောက်ဖြစ်ပေမဲ့ မာနမကြီးပဲ ဖော်ရွေစွာနှုတ်ဆက်ပြီး ဓာတ်ပုံအရိုက်ခံသည် ။ သတင်းထောက်တွေကို အထူးဧည့်သည်တော်တွေအား မေးမြန်းခွင့်မပြုထားတာကြောင့် ဓာတ်ပုံသာ ရိုက်ယူကြရသည် ။ သတင်းမေးမြန်းခွင့်မရှိလျှင်တောင်မှ ဒီလိုတွေ့ခွင့်ရသည့်ရှားပါးသောအခွင့်အရေးကို ဘယ်သူမှလက်လွှတ်မခံချင်ကြဘူး ။

အနောက်ကဆင်းလာသူကတော့ ရှန်ဖန်းဂူဖြစ်ပြီး သူ့ရဲ့မျက်နှာထားကတော့ တည်ငြိမ်လျှက်ရှိသည် ။ ရှန်ဖန်းဂူက ဓာတ်ပုံရိုက်ခံရတာကိုမကြိုက်ပေမဲ့ ဒီပွဲကိုတော့ မင်းယွီရဲ့တောင်းဆိုမှုကြောင့် ရိုက်ခွင့်ပြုပေးထားသည် ။ ဖန်းဂူက မင်းယွီကိုခါးကနေဆွဲဖက်ထားပြီး သူ့အပိုင်ဆိုတာကို အားလုံးသိအောင် ထုတ်ပြလိုက်သည် ။ ထိုအင်အားကြီးတဲ့အငွှေ့အသက်တွေကြောင့် လူတွေကအနည်းငယ်ကြောက်ရွံ့သွားကြပေမဲ့ ရှားရှားပါပါးမြင်တွေ့ခွင့်ရတာကြောင့် ဧည့်သည်တွေကပါ ဓာတ်ပုံရိုက်ယူကြသည် ။

သူတို့ရောက်လာတော့ ရုတ်ရုတ်သဲသဲဖြစ်လာကြပြီး တစ်ချို့က တိုက်ရိုက်ထုတ်လွှင့်ကြကာ နာမည်ကြီးဧည့်သည်တော်တွေကို ဝိုင်းကြည့်နေကြသည် ။ တစ်ချို့ကအံ့ဩသည့်အမူအရာတွေနဲ့ တစ်ချို့က မယုံကြည်နိုင်အောင်ဖြစ်နေသည် ။ သတင်းထဲမှာသာကြားဖူးပြီး ဓာတ်ပုံပင်သိပ်မမြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေကို အပြင်မှာမြင်ခွင့်ရတာက သူတို့အတွက် ဆုတစ်ခုလိုပင် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now