🤍1🤍

1.5K 89 26
                                    

ယခုကာလသည် "မြူနှင်းငွေ့" ဒေသရှိ ပြည်သူများအတွက် အလွန်ခက်ခဲသော ‌အချိန်ကာလအပိုင်းအခြားဖြစ်သည်။

ထိုသို့ဆိုရခြင်းမှ အလွန်တရာမှ အားကောင်းလှသော နှင်းမုန်တိုင်းက "မြူနှင်းငွေ့‌"ဒေသကို ‌၀င်ရောက်တိုက်ခတ်နေသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်လေသည်။

"မြူနှင်းငွေ့"ခရိုင်သည် "ငွေလ"အင်ပါယာ၏ မြောက်ဘက်ပိုင်းရှိ နယ်စပ်ဒေသတစ်ခုဖြစ်ပြီး အမြဲလိုလို ဆီးနှင်းများကျဆင်း‌ေနတတ်ကာ အဖြူရောင်နှင်းများကို ရာသီဥတုမရွေး‌ေတွ့ရတတ်သော နယ်စပ်ဒေသဖြစ်သည်။

မြစ်၀ကျွန်းပေါ် ဒေသဖြစ်သော်လည်း အေးလွန်းသောကြောင့် ရေများခဲနေသော ရေခဲမြစ်များ၊ ချောင်းငယ်များကို နေရာမရွေးတွေ့ရတတ်သည်။

ဒေသခံပြည်သူများအတွက်တော့ အအေးဒဏ်ကိုခံနိုင်ရည်ရှိလှ‌သော်လည်း ထိုဒေသသို့ နယ်ခြားမှ လူများရောက်လာခဲ့လျှင် အအေးမိပြီး နာမကျန်းမဖြစ်သည့်လူဟုမရှိသလောက်ပင်။


ထို့ကြောင့် မလွှဲရှောင်သာသည်ကလွဲ၍ ထို‌ေ‌ဒသတွင် လာရောက်လည်ပတ်သော လူစိမ်းများကလဲ ရှားပါးလှသည်။

ထိုဒေသ၏ဆောင်းရာသီသည် အရိုးကွဲမတတ် အေးခဲလွန်း‌တာကြောင့် ‌တခြားနယ်မှ လူများမပြောနှင့် ဒေသခံလူများအတွက်ပင်လျှင် မခံစားနိုင်ဖြစ်ရကာ မလိုအပ်လျှင် အပြင်လုံး၀မထွက်ဘဲ အိမ်တွင်းပုန်း‌ေနတတ်ကြသည်။


လူတိုင်းက ဆောင်းရာသီအတွက် ရိက္ခာများကြိုစုဆောင်းထားကြပြီး ဆောင်းရာသီရောက်သည်နှင့် အိမ်တွင်းရှိ အပူပေးမီးဖိုအနားမှ အနည်းငယ်မျှမခွာချင်ကြပေ။


သို့ရာတွင် ယခုနှစ်ဆောင်းရာသီတွင်တော့ "မြူနှင်းငွေ့" ဒေသရှိ ပြည်သူများအတွက် ကပ်ဆိုးဆိုက်ရောက်လာခဲ့လေသည်။


ကပ်ဆိုးကြီး၏ တရားခံမှာ ဆိုးဝါးပြင်းထန်လှသော နှင်းမုန်တိုင်းမှလွဲ၍ တခြားမရှိပေ။


အင်ပါယာမြို့တော်၏ နက္ခတ်တာရာနှင့် မိုးလေ၀သဌာနမှ သတင်းထုတ်ပြန်ချက်က လ၀က်ခန့် စော၍ ခန့်မှန်းထားသော်လည်း အထက်မှနှောင့်နှေးကြန့်ကြာမှု‌များကြောင့် "မြူနှင်းငွေ့"ဒေသထံ ထုတ်ပြန်ချက်ရောက်လာသောအခါ ရက်အနည်းငယ်သာပြင်ဆင်ချိန်ရတော့သည်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now