🤍13🤍

625 91 135
                                    

လရောင်ပျပျသာ အလင်းရှိသည့် တိတ်ဆိတ်နေသော ညအချိန်၀ယ် ...

အမတ်မင်းအိမ်‌ေတာ်၏ ဝေးလံ‌ေသာ ခြံ၀န်းတစ်ခုအတွင်းရှိ ရေချိုးဆောင်ခန်းတွင်းမှ ရေထဲသို့ လေးလံသောအရာ၀တ္တုများကျသွားသည့်နှယ် ရေသံတဗွမ်းဗွမ်းထွက်လို့လာလေသည်။

အထိန်းတော်များမှာတော့ သူတို့သခင်လေးရေ‌ချိုးချိန်တိုင်း အဝေးမှာသာသွားနေကြသဖြင့် ထိုအသံကိုမကြားလိုက်နိုင်။


မည်သူမျှ သတိမထားမိသော ရေချိုးဆောင်အတွင်းရှိ ရေကန်ကျယ်ကြီးအတွင်း‌တွင်တော့ မြင်ကွင်းမှာ အနည်းငယ် ရုန်းရင်းဆန်ခတ်နိုင်နေလေသည်။

ဆောင်းဟွန်းကဆွဲလိုက်တာကြောင့် နှစ်ယောက်သား ရေကန်ထဲကျသွားပြီးနောက် ကျသွားသည့် အရှိန်ကပြင်းထန်သွားသဖြင့် ဂျယ်ယွန်းမှာ ရေနစ်သွားလေသည်။

ရေချိုးကန်ကရေမှာ တိမ်‌သဖြင့် အန္တရာယ်မရှိနိုင်သော်လည်း ဆောင်းဟွန်းကမူ ချက်ချင်းဆိုသလို သူ၏သန်မာသောလက်မောင်းများဖြင့် ပွေ့ဖက်ကာ ဂျယ်ယွန်းအား ရေမျက်နှာပြင်အထက်သို့ အမြန်ဆွဲထူမလိုက်သည်။

ဂျယ်ယွန်းမှာ ရေထဲက ထွက်လာသော်လည်း နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဆေးရနံ့နှင့် ပန်းရနံ့သင်းသော ရေများ၀င်ရောက်သွားသောကြောင့် အသက်ရှုကြပ်နေပြီး ချောင်းကို ဆက်တိုက်ဆိုးနေမိသည်။

ရုတ်တရက်ပူနွေးသော လက်ဖဝါးတစ်ဖက်က သူ့ကျောပြင်ကို ပွတ်သပ်ချော့မြူလိုက်ကာမှ ဂျယ်ယွန်းဟာ ယခုလက်ရှိအခြေအနေကို အမှတ်ရသွားတော့သည်။


ထိုလူစိမ်း၏ လက်တစ်ဖက်က သူ၏ ခါးကို သိမ်းကြုံးပြီး ဖက်ထားကာနောက်လက်တစ်ဖက်က ကျောပြင်ကိုပွတ်သပ်ပေးရင်း ဂျယ်ယွန်းချောင်းဆိုးတာ သက်သာစေရန် ပြုလုပ်ပေးနေသည်။

အဆိုးဆုံးမှာတော့ ဂျယ်ယွန်းကိုယ်တိုင်ကပင် သတိမထားမိဘဲ ‌ထိုသူဘက်သို့ တစ်ကိုယ်လုံးမှီယိုင်နေကာ တစ်ဖက်လူ၏ သန်မာသော ရင်ဘတ်နှင့် ပုခုံးများ‌ေပါ်တွင် သူ၏လက်များကိုတင်ထားမိ‌နေခြင်းပင်။

𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now