🤍11🤍

487 77 50
                                    

ဂျယ်ယွန်းဟာ မြို့တော်ရှိ အမတ်ကြီး အိမ်တော်ရောက်ကတည်းက သူထင်ထားသလို အနေကြပ်တည်းခြင်းမရှိဘဲ အေးချမ်းစွာ နေနေရသည်။


မုန်တိုင်းမလာခင် လေပြေအရင်လာခြင်းပေလား မသိသော်ငြား ဤရက်အနည်းငယ်အတွင်းတော့ ဂျယ်ယွန်းအဖို့ ‌သာသာယာယာရှိလှသည်။


အမတ်အိမ်တော်မှ မိသားစု၀င် တစ်ဦးကမှ ဂျယ်ယွန်းထံသို့ရောက်မလာဘဲ လာရောက်နှောင့်ယှက်ခြင်းလဲမပြုကြတာမို့ ဂျယ်ယွန်းနှင့် သူ့အစေခံများဟာ အချိန်တန်လျှင် ထောက်ပံ့ထားသောစားစရာများအား ချက်ပြုတ်စားသောက်ကာ အဆင်ပြေပြေရှိနေကြပေသည်။


မြူနှင်းငွေ့မှာရှိစဉ်က‌လို သူ၏ အစားအစာဝေစုမှာလဲ နည်းပါးပြီး အရည်အသွေးမကောင်းခြင်းမရှိဘဲ အရမ်းမကောင်းမွန်နေသည့်တိုင် သင့်တင့်လျှောက်ပတ်သော အရည်အသွေးမြင့်စားစရာများရရှိနေခြင်းကြောင့် အစားမက်လေးဂျယ်ယွန်းတစ်ယောက်ဟာ ‌စိတ်ကျေနပ်နေမိတော့သည်။


တကယ်တော့ ဂျယ်ယွန်းမသိခဲ့သည်မှာ ဂျယ်ယွန်းအား မကြာခင် မင်းသား၄ဖြင့် ပေးစားတော့မည်ဖြစ်တာကြောင့် ဂျယ်ယွန်း၏ အမြင်တွင် အမတ်အိမ်တော်မှ လူများဟာ သူ့အပေါ် ကောင်းကောင်းဆက်ဆံကြောင်း အထင်မှားသွားစေရန် ထိုသို့ ဟန်ဆောင်နေကြခြင်းပင်။



ထိုသည်ကိုမသိသော ဂျယ်ယွန်းက သူ၏ခြံ၀န်းအတွင်းတွင်သာ အိပ်လိုက်စားလိုက်ဖြင့် သုံးရက်ကုန်လွန်သွားပြီးနောက်တွင်တော့ ပြဿနာဟာ ဂျယ်ယွန်းအိမ်ရှေ့တည့်တည့်‌ဆိုက်ရောက်လို့လာခဲ့ပါ‌သည်။




"အိမ်တော်ထိန်းကြီး အကြောင်း ကိစ္စတစ်ခုခုရှိလို့လား"



အိမ်တော်ထိန်းက အိမ်တော်တံခါး၀မှာ အရှက်ခွဲခံရပြီးထဲက ဂျယ်ယွန်းအား မကြည်တော့တာမို့ ယခုဆိုလျှင် သူ့မျက်၀န်းထဲရှိမုန်းတီးမှုများအား ဖုံးကွယ်လို့ပင်မရတော့ချေ။



"ဒီနေ့ညကျရင် ညစာကို အရှေ့ခြံ၀န်းမှာ မိသားစုတစ်ခုလုံး အတူ စားသောက်ကြမှာမို့  သခင်လေးကိုလဲ ဖိတ်ခိုင်းလိုက်လို့ပါ"



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now