🤍17🤍

594 77 57
                                    

ဂျယ်ယွန်းက ဆောင်းဟွန်း နံဘေးမှ အသာလေး ကပ်လိုက်လာရင်း ရုတ်တရက်သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။


ဆောင်းဟွန်း၏ ၀တ်ရုံစအား ဖြူဖွေးနူးညံ့သည့် လက်ချောင်းလေးများထံမှ လာရောက်ဆွဲကိုင်ခြင်းခံလိုက်ရတာမို့ ဆောင်းဟွန်းကဂျယ်ယွန်းထံသို့ လှည့်ကြည့်လိုက်သည်။


"ယွန်းလေး ဘာဖြစ်လို့လဲ"


ဆောင်းဟွန်းက သူနှင့် ဂျယ်ယွန်းအကြားရှိရင်းနှီးသော ဆက်ဆံရေးကို အနည်းငယ်သော်မျှ ကွယ်ဝှက်ထားခြင်းမရှိခဲ့ပေ။


လက်ရှိတွင် ရှင်းမ်အိမ်‌ေတာ်တွင် နေထိုင်နေရဆဲဖြစ်သည့် ဂျယ်ယွန်းကိုမည်သူမျှ အနိုင်မကျင့်နိုင်လေအောင် သူ၏အတောင်များအောက်တွင် သေချာပေါက် ကာကွယ်ပေးထားချင်ခဲ့သည်။


တတိယမင်းသား၏ အမြဲလိုလို မာန်ပါသော အသံက ချိုမြိန်နေပြီး အေး‌စက်‌ေနကြအကြည့်များက နူးညံ့နွေးထွေးလို့နေသည်။


ကြင်ယာတော်လောင်းလျာနှင့် သူ့တို့အကြားတွင် မင်းသား၏ ဆက်ဆံပုံ အပြောင်းအလဲက သိပ်ကို ကြီးမားလွန်းသဖြင့် အနောက်တော်ပါးမှ တပ်သားများက စိတ်ဓာတ်ကျသွားကြသည်။



‌*ဪ ဂန္တ၀င်တွင်အောင် စွမ်းအားကြီးတဲ့သူလဲ အချစ်နဲ့တွေ့ရင် ဘာမှမဟုတ်တော့ပါလား*



နောက်‌လိုက်များက ထိုသို့တွေးနေချိန်တွင် ဂျယ်ယွန်းက ဆောင်းဟွန်းကို ပြန်ဖြေလာသည်။



"စိုးရွံ့မိပါတယ် အရှင့်သား ကျွန်တော်မျိုးရဲ့လက်ရှိအသွင်အပြင်က ဆိုးရွားနေတော့ ဒီလိုပုံစံနဲ့ အပြင်မှာလျှောက်သွားဖို့ မသင့်တော်ဘူးထင်မိလို့ပါ"



ဂျယ်ယွန်းက ထိုသို့ဆိုရခြင်းမှာ မဆန်းပေ။


သူက တမနက်ခင်းလုံး ခြံ၀င်းထဲတွင် ‌အလုပ်ရှုပ်နေခဲ့တာကြောင့် ခန္ဓာကိုယ်တွင် ချွေးအများအပြား ထွက်နေခဲ့သည်။


ဆံပင်တွေကိုလဲ သေချာမထုံးဖွဲ့ထားသဖြင့် လျော့တိလျော့ရဲဖြစ်‌လို့နေသေးသည်။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now