🤍15🤍

632 93 104
                                    

တတိယမင်းသား နန်းတော်သို့ အခစား၀င်နေသည့် တစ်ချိန်တည်းတွင်ပင် တစ်ဖက်မှ ရှင်းမ်အိမ်တော်ရှိ အမတ်ရှင်းမ်က မနက်ခင်းညီလာခံမှ ပြန်လာပြီး အိမ်တော်ရှေ့သို့ပင်ရောက်နေပြီဖြစ်သည်။


သို့သော် ဤကနေ့တွင် တမူထူးခြားနေသည့်အချက်မှာ အမတ်မင်းသည် သူတစ်ဦးတည်း ပြန်လာခြင်းမဟုတ်ပါဘဲ သူ၏နံဘေး၌ ဧည့်သည်တစ်ဦးပါနေသေးသည်။


ရှင်းမ်ဆန်းဟာ သူနှင့်အတူ ပါလာသော ဧည့်သည်အား အရှေ့ခြံ၀င်းသို့ခေါ်သွား၍ ဧည့်၀တ်ကျေပွန်အောင် စားစရာသောက်စရာများ အလျှံအပယ်ဖြင့် ဧည့်ခံလို့နေသည်။


ဧည့်သည်ဖြစ်သူ စတုတ္ထမင်းသားမှာ စားပွဲပေါ်က စားစရာများအား သာမန်ကာလျှံကာသာ ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကိုကိုင်ကာ အမတ်အားမေးလိုက်သည်။


"ဒီကနေ့ အိမ်တော်ကိုရောက်လာကတည်းက အမတ်မင်းရဲ့ သမီး ဆူဂျီကိုရောမတွေ့ပါလား

ကိုယ်တော်ရောက်နေတာမို့ လာနှုတ်ဆက်ရအောင် အခေါ်တော်လွှတ်လိုက်ပါဦး"


ရှင်းမ်ဆန်း၏ မျက်နှာက မင်းသား၏ စကားအဆုံးတွင် လငပုပ်ဖမ်းသလို မဲမှောင်လို့သွားလေသည်။


*ဒီတဏှာရူးကောင်ကတော့ လွန်ကိုလွန်လွန်းတယ်

ငါ့ကိုရှေ့ထားပြီး ငါ့သမီးကိုပစ်မှားချင်နေတာပါလား

သူက‌ေတာ်၀င်မင်းသားဖြစ်နေလို့ပေါ့ကွာ မဟုတ်လို့ကတော့ အသေရိုက်သတ်ပစ်ပြီးပြီ*


ရှင်းမ်ဆန်းမှာ စိတ်ထဲကနေ အကြိမ်ထောင်ပေါင်းများစွာကျိန်ဆဲရင်း ရွံရှာစက်ဆုပ်နေမိသော်လည်း သူ၏ အမူအရာကို ထိန်းသိမ်းထားပြီး ရိုကျိုးစွာပြန်‌ဖြေလိုက်သည်။


"ဂျီလေးက အင်ပါယာကျောင်းတော်မှာ ကျောင်းတက်နေဆဲမို့ အရှင့်သားကို မတွေ့နိုင်တာ နှမြောစရာပါပဲဗျာ"



ရှင်းမ်ဆန်း၏ အမူအရာက စိတ်ထဲကအတွေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျက် အလွန်အမင်း ရိုကျိုးစွာ နှိမ့်ချဆက်ဆံနေသော်လည်း မင်းသား၄ကတော့ အာရုံထဲပင်မရှိချေ။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now