🤍2🤍

496 74 35
                                    

ဂျယ်ယွန်း ကူးပြောင်းလာချိန်မှာ မူလပိုင်ရှင်ဟာ ငါးနှစ်သားအရွယ်လေးပဲရှိသေး၏။

ဘယ်လိုအဖြစ်မျိုးဖြစ်လို့များ ငါးနှစ်သားအရွယ်သခင်လေးက သေဆုံးသွားရလဲဟု မေးလာခဲ့ရင်တော့ ဂျယ်ယွန်းမှာ မူလပိုင်ရှင်၏ ကံဆိုးမှုကိုပဲ ‌လက်ညှိုးထိုးရတော့ပေမည်။


တကယ်တမ်းတွင် မူလပိုင်ရှင်ကောင်လေးမှာ "မြူနှင်းငွေ့"ကဲ့သို့ ‌နယ်စပ်ဒေသတွင် မွေးဖွားသူမဟုတ်ပေ။


သူကလေးသည် အင်ပါယာမြို့တော်မှ ဆွေကြီးမျိုးကြီး မျိုးရိုးမြင့် သခင်ငယ်လေးဖြစ်သည်။

ထိုသို့ဆိုရခြင်းမှာ သူ့ဖခင်သည် အင်ပါယာတရားရုံးတော်၏  လက်ထောက်တရားရေး၀န်ကြီး တစ်ဦးဖြစ်သည့်အတွက်ပင်။

လက်ထောက်တရားရေး၀န်ကြီး၏ ရာထူးမှာ ဒုတိယအဆင့်ဖြစ်ပြီး ပထမအဆင့်အမတ်များနှင့် တစ်ဆင့်သာကွာတော့သည်။


ထို့ကြောင့် ဂျယ်ယွန်းဖခင်မှာ မြို့တော်တွင် အာဏာရှိသောလူနည်းစုတွေထဲမှ တစ်ဦးအပါအ၀င်ဖြစ်လာခဲ့သည်။

သို့သော် ထိုလူကြီးမှာ အာဏာကိုမမက်မောပဲ အမှန်တရားကိုသာ လက်ကိုင်ထားသည့် တိကျသော တရားရေးအမတ်တစ်ဦးသာဖြစ်နေခဲ့သည်။


ခေတ်အဆက်ဆက်မှာ အမှန်တရားကို ထုတ်ဖော်ပြောဝံ့သူတိုင်းသူ လူမုန်းခံရ‌စမြဲပင်။


တခြားလူတန်းစားများက သူ့အားလေးစားကြသလောက် အကျင့်ပျက်သည့် အမတ်များကတော့ ဂျယ်ယွန်းဖခင်အား မုန်းတီးကြသည်။


မည်သို့ပင်ဆို‌ေစ ဂျယ်ယွန်းဖခင် အမတ်မင်း ရှင်းမ်ဆွန်းသည် တကယ်ကိုလေးစားဖွယ်ရာ စံထားလောက်သည့် သစ္စာရှိသူတစ်ဦးဖြစ်သည်။


သူကနိုင်ငံတော်နှင့် ဘုရင်မင်းမြတ်အပေါ်သစ္စာရှိရုံမျှမကပါဘဲ အချစ်အတွက်လဲ သူ၏ သစ္စာကို ဖော်ပြဝံ့သူဖြစ်သည်။


ထိုအကြောင်း ပြောရမည်ဆိုလျှင် ဤကမ္ဘာတွင် တလင်တမယားစနစ်ကျင့်သုံးခြင်းမရှိဘဲ လူချမ်းသာတွေရဲ့ ထုံးစံအတိုင်း ယောက်ျားတစ်ဉီးလျှင် ဇနီးသည် သုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်မက  ယူနိုင်ပေသည်။

𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now