🤍5🤍

520 80 37
                                    

ခွဲစိတ်မှုက နာရီ၀က်မျှ ကြာမြင့်ပြီး‌နောက်တွင် ဂျယ်ယွန်းမှာ ဆောင်းဟွန်း ၀မ်းဗိုက်အတွင်း ထိုးစိုက်နေသော အဆိပ်လူးမြှားကို အောင်အောင်မြင်မြင် ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်သည်။



အလွန် အာရုံစူးစိုက်ထားရသော ခွဲစိတ်မှုကြောင့် ဤမျှ အေးခဲနေ‌ေသာ ရာသီဥတုတွင်ပင် ဂျယ်ယွန်း နဖူးထက်ချွေးစလေးများ ‌စို့နေပြီဖြစ်သည်။



ဂျယ်ယွန်းမှာ ယခုဘ၀တွင် အရင်ဘ၀က သူမှာရှိသော စွမ်းအား၏ ဆယ်ပုံတစ်ပုံ‌ေလာက်သာရှိ‌ေတာ့သဖြင့် ယခုလို ခက်ခဲနေခြင်းဖြစ်သည်။



"နတ်ဆေးတောင်"၏ ထိပ်သီး သမားတော် ဂျယ်ယွန်းအဖို့ အရင်ဘ၀ကအစွမ်းနှင့်ဆိုလျှင် ဤလူ့အား အသက်ကယ်ရမည့် အရေးသည် သူ့အတွက် ငှက်ပျောသီးအခွံနွှာသကဲ့သို့ လွယ်ကူနေပေလိမ့်မည်။


ယခုတော့ ‌ထိုသို့မဟုတ်သဖြင့် ဂျယ်ယွန်းမှာ ခွဲစိတ်ကုသသည့် ဖြစ်စဉ်တစ်လျှောက်လုံးကို စိတ်ရောကိုယ်ရော နှစ်ကာ အလွန်တရာ အာရုံစူးစိုက်လို့ထားနေရခြင်းဖြစ်သည်။



အကယ်၍ အမည်မသိထူးဆန်းသောသူနေရာမှာ သာမန်လူတစ်ယောက်သာဆို ဒီနေ့ညမကျော်ဘဲ အသက်ပျောက်သွားလိမ့်မည်ဖြစ်သော်လည်း ဤလူ၏ စိတ်ဓာတ်သန်မာမှုနှင့် ကိုယ်ခံအား နှစ်ခု‌လုံးကကြောက်စရာကောင်းအောင် ပြိုင်ဘက်ကင်းနေခြင်းကြောင့် ယခုလောက်ထိအခြေအနေကောင်းနေခြင်းပင်။



သို့သော်လည်း ဤလူက မည်သို့ပင် စွမ်းအားကြီးပါစေမူ အဆိပ်ဖြေကာ မကုသနိုင်ပါက တစ်ပတ်အတွင်း သေဆုံးမည်မှာ အသေအချာပင်ဖြစ်သည်။



ထို့အတွက်ကြောင့် ဂျယ်ယွန်းမှာ သူနှင့် ရေစက်ဆုံလေသည့် သူ့လူနာကို အသည်းအသန်ကြိုးစားကယ်တင်နေခြင်းပင်။



ကုသမှု၏အ‌ေခြခံအကျဆုံးအဆင့်အနေနဲ့ အဆိပ်လူးမြှားကို ခန္ဓာကိုယ်ထဲမှထုတ်လိုက်နိုင်ပြီဖြစ်သဖြင့် ထပ်မံပြီး အဆိပ်များကိုယ်ထဲမ၀င်လာနိုင်တော့ပေ။



သို့ပေမဲ့ ကိုယ်အတွင်း ပျံ့နှံ့နေပြီးသားအဆိပ်များကို ထပ်မံမပျံ့နှံ့စေရန်တားဆီး၍ ဖယ်ထုတ်ပစ်ရမည်ကသာ ကုသမှုတွင် အရေးကြီးဆုံး အဆင့်ဖြစ်လေသည်။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now