🤍6🤍

528 85 73
                                    

ဂျယ်ယွန်းက ဆေးညွှန်းရေးပြီးသည့်နောက်တွင် သူ့ကို မျက်တောင်မခတ်တမ်းထိုင်ကြည့်နေသော ဆောင်းဟွန်းအား ချိုသာသောအပြုံးလေးဖြင့်ပြောလိုက်သည်။


"ဆေးညွှန်းက ဒီမှာပါ

ခင်ဗျား ဒီဆေးကို တစ်လလောက်သောက်ရင် သွေးထဲမှာကျန်‌ေနတဲ့ အဆိပ်အကြွင်းအကျန်တွေလုံး၀ပျောက်ကွယ်သွားပါလိမ့်မယ်

ဆေးအမယ်တွေကလဲ ရှာရမခက်ပါဘူး
...တစ်ခုပဲ ‌ဒီဒေသက ကပ်ဘေးဆိုက်နေချိန်ဖြစ်တာမို့ ဆေးအမယ်တွေရှာရတာ အနည်းငယ်တော့ခက်လိမ့်မယ်ထင်တယ်"


ဆောင်းဟွန်းက ဆေးအညွှန်းကိုယူလိုက်ကာ ကျေးဇူးတင်လိုက်သည်။


"အဆင်ပြေပါတယ် ကိုယ်ရှာခိုင်းလိုက်ပါ့မယ်

...ဒါနဲ့ ကိုယ်တို့ဒီနေရာမှာ ရက်အနည်းငယ်တည်းလို့အဆင်ပြေမလား"


"ဒါက..."


ဆောင်းဟွန်းက ဂျယ်ယွန်းထံမှထွက်မသွားချင်၍ တမင်မေးလိုက်ခြင်းသာ။

သူ့မှာ တည်းခိုခန်း တစ်ခုလုံးကို၀ယ်နိုင်လောက်သည့်‌ေငွပမာဏပါအပြင် သူသာ ဒီဒေသရောက်နေမှန်းသိပါက ဒေသခံ အာဏာပိုင်ကြီးများနှင့် အထင်ကရ ပုဂ္ဂိုလ်ကြီးများမှာ သူတို့စည်းစိမ်အပြုတ်ခံပြီးကို ဆောင်းဟွန်းအား ပြုစုစောင့်ရှောက်ကြလိမ့်မည်ဖြစ်သည်။


ဂျယ်ယွန်းကလဲ လူအများအမြင်တွင် မသင့်တော်တာမို့ သဘောတူလိုက်ရမှာ တွန့်ဆုတ်ပြီး မျက်မှောင်လေးကြုတ်လို့ထားလေသည်။


ဆောင်းဟွန်းက ဂျယ်ယွန်းအခက်တွေ့နေတာကိုမြင်သည့်အခါ တည်ကြည််‌ေအးစက်‌ေန‌ေသာ သူ့မျက်နှာအား မျက်နှာလေးငယ်လျက် ဂျယ်ယွန်းထံကြည့်လိုက်သည်။


"ကိုယ့်မှာ တည်းစရာ‌ေနရာမရှိလို့ မင်းကိုတောင်းဆိုလိုက်မိတာပါ 

တောင်းပန်ပါတယ် ကိုယ်အမှားလုပ်မိပါပြီ ဒါကြောင့် ခုနက ဘာမှမပြောခဲ့ဘူးလို့ သဘောထားပေးပါ"


တွေဝေနေတဲ့ဂျယ်ယွန်းကတော့ ဆောင်းဟွန်းရဲ့ မျက်နှာငယ်ကြောင့် ကြင်နာတတ်တဲ့စိတ်တွေ နိုးကြွလာကာ ချက်ချင်း လက်ခံမည်ပြင်လိုက်လေသည်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now