🤍12🤍

517 82 107
                                    

ကုန်လွန်ခါနီး ဟေမာန်ဆောင်းရာသီဟာ ငွေလအင်ပါယာမြို့တော်ရဲ့လမ်းမများထက်ကို နှင်းပွင့်ဖြူဖြူတို့ ဟိုတစ်စု သည်တစ်စုဖြင့် အလှဆင်ထား‌ေလသည်။

ကောင်းကင်ယံရှိ လခြမ်း‌‌ေကွးထံမှ ဖြာကျနေသော လရောင်က အားနည်းနေသဖြင့် မြို့တော်တစ်ခွင်လုံးကိုတော့ အလင်းမပေးနိုင်ချေ။


မှိန်ပျပျလရောင်အောက်တွင် လမ်းမထက်၌ ရထားလုံးတစ်စီးက အသံတိတ်မောင်းနှင်လာပြီး မြို့လယ်ခေါင်ရှိ ဆူညံကာ မီးထိန်ထိန်လင်းနေသော အထပ်မြင့်အဆောက်အဦးကြီးရှေ့သို့ရောက်လာလေသည်။


သို့သော်လည်း ရထားလုံးက ‌အဆောက်အဦးကို အရှေ့တံခါးမှမ၀င်ဘဲ တစ်ပတ်ပတ်လိုက်ကာ အနောက်ဘက်ရှိ ကွယ်ဝှက်ထားသော တံခါးမှတဆင့်သာ ၀င်သွားလေသည်။


"‌‌ကံ့ကော်နန်း‌မြိုင်"ဆိုသည်မှာ မြို့တော်၏ နာမည်အကျော်ကြားဆုံးဆောင်ကြာမြိုင်တစ်ခုဖြစ်တာနဲ့အညီ ယခုလို ညဉ့်နက်သန်းခေါင်ယံမှာပင် လူသူအများအပြားနှင့်အသက်၀င်နေဆဲပင်။


ကံ့ကော်နန်းမြိုင်ထဲသို့၀င်လာသောရထားလုံးဟာ လူသူပြတ်လတ်တဲ့ နေရာတစ်ခုရှေ့သို့မောင်းသွားပြီးနောက် ရပ်တန့်လိုက်လေသည်။


ရထားလုံးရပ်လိုက်သည်နှင့် အတွင်းမှရုပ်ဖျက်ထားသော လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးဆင်းလာပြီး ဘေးဘီဝဲယာကိုဝေ့ကြည့်ကာ သီး‌သန့်အဆောင်ခန်းထဲသို့ သုတ်သီးသုတ်ပျာဖြင့် ၀င်သွားတော့သည်။


ထိုလူကြီး၏အနောက်တွင် သက်တော်စောင့်တချို့ကလိုက်ပါ စောင့်ရှောက်‌ေနပြီး သူတို့နောက်သို့လိုက်လာသူရှိမရှိ သတိတကြီးဖြင့်စောင့်ကြည့်နေပြီး ကျန်ခဲ့လေသည်။


သို့သော်လည်းပဲ ထိုသက်‌ေတာ်‌ေစာင့်တို့သတိမထားမိသောနေရာရှိ သစ်ပင်တစ်ပင်တွင်တော့ ‌တတိယမင်းသား၏ လက်အောက်ခံ အရိပ်နက်တပ်ဖွဲ့၀င်တစ်ယောက်မှာ အခန်းထဲတွင် လျှို့ဝှက်တွေ့ဆုံနေသူများ‌ပြောနေသမျှကို ပျင်းပျင်းနှင့် ကွာစေ့ကိုက်ရင်း တိတ်တဆိတ်နားထောင်နေရှာသည်ကို ဘယ်သူမှမသိကြချေ။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now