🤍10🤍

465 74 97
                                    

တတိယမင်းသားဟာ ပြတင်းပေါက်နံဘေးတွင် ရပ်ကာ ဂျယ်ယွန်းနှင့် တွေ့ခဲ့သည့် ရက်ပိုင်းအတွင်းရှိ အမှတ်တရလေးများကို ပြန်လည်တွေးနေမိသည်။


သူကြိုက်နှစ်သက်တဲ့အစားကောင်းတွေစားလိုက်တိုင်း ကျေနပ်စွာဖြင့် မျက်လုံးလေးတွေမှိတ်ကျသွားကာ ပြုံးနေတတ်သော ဂျယ်ယွန်းပုံစံလေးတွေ...

ဆောင်းဟွန်း၏ ဒဏ်ရာနှင့် ပတ်သတ်ပြီး အမြဲလိုလို ဂရုတစိုက်ဖြင့် စိတ်ရင်းနှင့် ပူပန်တတ်ပုံလေးတွေ...


အချိုအရမ်း‌ကြိုက်တဲ့ကောင်လေးမို့ အချိုစားလိုက်တိုင်းဖြစ်သွားတတ်တဲ့  မျက်နှာအမူအရာလေးတွေ...


သိပ်လှတဲ့ လက်ချောင်းသွယ်သွယ်‌များနဲ့ လက်ကောက်၀တ်ဖြူဖြူသေးသေးလေး‌‌ေတွ...


နူးညံ့တဲ့ အကြင်နာအနမ်းများ ရိုက်နှိပ်ချင်စရာ နဖူးထက်က ပန်းနုရောင် အမှတ်အသားလေး...



ဂျယ်ယွန်းနဲ့ပတ်သတ်သမျှ အရာအား‌လုံးက ဆောင်းဟွန်း၏ ရင်တွင်းရှိ မီးတောက်လေးကို ဟုန်းဟုန်‌းတောက်လောင်ကျွမ်းစေနိုင်တဲ့ မီးစာ‌ေလးတွေလိုပဲ


ကောင်လေးကို သူ့လက်မောင်း‌ေတွကြားပွေ့ဖက်ထားပစ်ဖို့ မစောင့်နိုင်တော့လောက်အောင် ဆောင်းဟွန်း ရင်မှာ အပူတပြင်း ဆန္ဒပြင်းပြလို့နေသည်။



မင်းသားသည်  တနယ်ခြားမှတင်သွင်းသော ဆေးရွက်ကြီးများကို လိပ်ထားကာ ပါးလွှာသည့်ကျောက်စိမ်းနက်ကို အခံပြုလုပ်ထားသော ဆေးပြင်းလိပ်ကို ပါးစပ်ဖျားတွင် တေ့လိုက်ရင်း တင့်တယ်သော အမူအရာ လှပကျော့ရှင်းသော ဟန်ပန်များဖြင့် မီးညှိလိုက်သည်။


သူရှိုက်ဖွာလိုက်သော ‌ေဆးပြင်းလိပ်မှ မီးခိုးရောင် အငွေ့များက သူ့အနီးတစ်ဝိုက်တွင်ပျံ့နှံ့သွားပြီး အရှင့်သား၏ နက်မှောင်နေသော မျက်၀န်းများကြား ဝိုးတဝါးပုံရိပ်ကိုဖြစ်ပေါ်လာစေသည်။


ဆေးပြင်းလိပ်မှ အငွေ့များကို အလေးအနက်ပန်ဖြင့် တစိုက်မက်မက် ရှိုက်ဖွာနေသော ဆောင်းဟွန်း၏ ဟန်ပန်သည် မြင့်မြတ်နေဆဲပင်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now