🤍4🤍

503 78 24
                                    

နီခီက အထဲကမြင်ကွင်းကို ရှက်ရှက်နဲ့ခိုးကြည့်ရင်း စိတ်ထဲကနေတွေးနေမိသည်


*ခေါင်းဆောင်ရဲ့ သံမဏိလိုမာကြောတဲ့ ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်စွမ်းက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ

မဟုတ်မှလွဲရော ခေါင်း‌ေဆာင်မိ‌ေနတဲ့အဆိပ်ထုတ်ဖို့အရေး ဒီလို...မ‌ေလျာ်ကန်...အဲ‌ေလ... ထူးထူးဆန်းဆန်းလိုအပ်ချက်တွေများလိုအပ်နေလို့လား*



အခန်းအပြင်ဘက်က အဖွဲ့သားတွေက အခန်းထဲပြေး၀င်ပြီးတားရမလို၊မတားရမလို ဆက်ပြီးပဲချောင်းကြည့်ရမလိုဖြစ်နေချိန်တွင် ဆောင်းဟွန်းမှာလဲ အနည်းငယ် ခေါင်းခြောက်လို့နေသည်။



ဆောင်းဟွန်းက အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း ဒီအရွယ်အထိ ထိုကိစ္စမျိုးကို အတွေ့အကြုံမရှိချေ။



တကယ်တမ်း နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါကျတော့ ဘယ်ကဘယ်လိုစလုံး‌ေရစပြီး လုပ်ရမှန်းမသိတော့ချေ။



သူ့နားကပ်လာသည့် ဂျယ်ယွန်းကိုကြည့်ပြီး သူ၏ ကြွက်သားတွေ တောင့်တင်းလို့လာသည်။


ဆောင်းဟွန်းတစ်ယောက်အတွေးလွန်နေစဉ် ကောင်လေးက သူ့၀မ်းဗိုက်နား ခေါင်းငုံ့လာသောအခါ ဆောင်းဟွန်း အေးခဲသွားလေသည်။



*မဟုတ်မှ သူ့ဘက်ကစပြီး ဦးဆောင်မလို့လား*



သို့သော်လည်း အတော်အတန်ကြာပြီးသည်အထိ တစ်ဖက်လူက ရှေ့ဆက်မတိုးဘဲ သူ့၀မ်းဗိုက်က ဒဏ်ရာကို အနီးကပ်ငုံ့ကြည့်နေခြင်းကြောင့် ဆောင်းဟွန်းလဲ ကြောင်သွားရလေသည်။



ဆောင်းဟွန်း၏ မြင်ကွင်းမှနေ၍ တစ်ဖက်လူ၏ မျက်တောင်စင်းစင်းလေးတွေကိုပါ အသေးစိတ်မြင်နေရပြီး မျက်တောင်ခတ်လိုက်တိုင်း ထိုမျက်တောင်ဖျားတွေက လှုပ်ရှားသွားသည်ကိုမြင်ရသောအခါ ဆောင်းဟွန်းအသည်းထဲကယားယံမှုဟာ ဒဏ်ရာ၏ နာကျင်မှုကိုပင် ဖုံးလွှမ်းသွားတော့လေသည်။




ထိုအချိန်တွင် ဂျယ်ယွန်းက ဆိုးဝါးလှသော ဒဏ်ရာအခြေအနေကိုစိုက်ကြည့်လို့နေသည်။


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now