🤍16🤍

510 79 39
                                    

ဂျယ်ယွန်းမှာ လူကြားထဲ၌ သူတို့နှစ်ဦးကြားကရင်းနှီး‌ေသာ ဆက်ဆံရေးကို အလွန်အမင်းထုတ်ဖော်ပြလျှင် အဆင်မပြေလောက်သည်မို့ ဆောင်းဟွန်းဆုပ်ကိုင်ထားသော သူ၏လက်ကို အသာလေး ဆွဲထုတ်လိုက်လေသည်။



သို့သော်ငြားလည်း မင်းသားမှာမူ ရုန်းထွက်ခွင့်မပေးဘဲ မနာကျင်စေလောက်သည့်အားနှင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားတာကြောင့် ဂျယ်ယွန်း၏ ကြိုးပမ်းမှုမှာ အချည်းအနှီးသာ။


ဂျယ်ယွန်းမှာ လူကြားထဲရုန်းရင်းဆန်ခတ်ဖြစ်နေလျှင် သရုပ်ပျက်မည်စိုးသဖြင့် ဆောင်းဟွန်းအား သနားချင့်စဖွယ် အကြည့်လေးများဖြင့် ကြည့်ရုံသာတတ်နိုင်သည်။



အရည်လဲ့ပြီး ‌တောက်ပနေသော ပါပီ မျက်၀န်းလေးများဖြင့် သနားကမားလေး ကြည့်ခံလိုက်ရသည့်အခါ ရက်စက်လှပါသည်ဆိုသော မင်းသား၃ ၏ နှလုံးသားမှာ အရည်ပျော်ကျသွားရပြီး ပုံမှန်အတိုင်း‌ေတာင်မကျန်ရှိတော့ပေ။




ဆောင်းဟွန်းက စိတ်ကျေနပ်သည်အထိ လေဖြင့်မှုတ်ကာ ဥုံဖွလုပ်ပေးပြီးနောက် ဂျယ်ယွန်း၏ ပိန်‌သွယ်သော လက်ကောက်၀တ်သေးသေးလေးကို ဘေးမဲ့ပေးလိုက်တော့သည်။



ဂျယ်ယွန်းက သူ၏ လက်ကလေးကို ပြန်ရုတ်လိုက်ပြီးနောက် နံဘေးရှိ လူများစွာကို ဝေ့ဝဲကြည့်လိုက်ရင်း ရှက်သွားတာကြောင့် နားရွက်ဖျားလေးက ပန်းရောင်သန်းလာသည်။



ပန်းရောင်သန်းနေသော နားရွက်ဖျားလေး၊ ပန်းသွေးခြယ်နေသော မျက်နှာလေးနှင့် ပန်းနုရောင် နှုတ်ခမ်းလေးအပြင် နဖူးထက်က ပန်းရောင် အမှတ်အသားလေးများကြောင့် ဂျယ်ယွန်း၏ မျက်နှာလေးကို မြင်ရသူတိုင်း နူးညံ့စေးကပ်သော ပန်းရောင်ဆန်မုန့်လုံးလေးကို သတိရသွားစေနိုင်သည်။



သူကလေးမှာ ချိုမြမြစေးကပ်ကပ် အရာလေးကဲ့သို့ နူးညံ့ပြီး အရသာရှိမဲ့ပုံပေါ်နေတာမို့ ‌မင်းသား‌ေဆာင်းဟွန်းဟာ တစ်ကိုက်တည်းနှင့် မြိုချပစ်လိုက်ချင်စိတ်ပင်ပေါက်လာတော့သည်။



ကြမ်းကြုတ်ရက်စက်ပြီး အေးတိအေးစက်နိုင်တဲ့တတိယမင်းသား၏ မျက်၀န်းထဲတွင် အချစ်တွေပြည့်နှက်နေပြီး ပန်းရောင်အသည်းပုံတွေပင်ထွက်ကျမတတ်ဖြစ်နေတာက လူတိုင်း၏စိတ်ကို ဂယောင်ခြောက်ခြား ဖြစ်သွားစေသည်။




𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)जहाँ कहानियाँ रहती हैं। अभी खोजें