Ch 19

1.2K 153 0
                                    

Ch 19

"လူတိုင်း ဘာလို့ ရန်ဖြစ်နေကြတာလဲ။ ထမင်းမစားရသေးတဲ့အချိန်မှာ ဘာလို့ အဆာပြေစားနေကြတာလဲ။" ကုယန်ရှန်က ကျောက်ရှောင်ဟွေ့ရဲ့ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။

ကုယန်ရှန်က ထိုနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားတဲ့အခါ ကျောက်ရှောင်လန်နဲ့ ကုရုန်ချင်းတို့က ကုချင်းယောင်ကို အနိုင်ကျင့်မှာကို သူသိသောကြောင့် လာခဲ့တာ ဖြစ်သည်။

မိသားစုတွင် တစ်ဦးတည်းသော ခန္ဓာကိုယ် ကြံ့ခိုင်တဲ့ အမျိုးသားဖြစ်တဲ့ ကုယန်ရှန်က အာဏာပိုင်အနေနဲ့ စကားပြောခဲ့တာ ဖြစ်သည်။ ကျောက်ရှောင်‌ဟွေ့နဲ့ ကုရုန်ချင်းတို့က ကုယန်ရှန်ရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံရပြီးနောက် ဘာမှမပြောရဲပေ။

ဒါပေမဲ့ ကုချင်းယောင် ပြန်ယူလာတဲ့ အကောင်ကို မြင်တဲ့အခါ သူမတို့ရဲ့ မျက်လုံးများ တောက်ပလာသည်။

"ငှက်နဲ့ ယန်!" ကုရုန်ချင်းက အံ့ဩပြီး ဝမ်းသာသွားသည်။ သူမက ဝက်သားနီနဲ့ မချက်ပြုတ်ရသေးတဲ့ ဝက်နံရိုးကို ရှာဖွေရန် အိမ်ပြန်လာခဲ့သည်။ အခု သူမက ငှက်နှစ်ကောင်နဲ့ ဝဖြိုးနေတဲ့ ယုန်ကို တွေ့လိုက်ရသည်။ အသားတွေ အများကြီးဘဲ။

၎င်းက တစ်နှစ်အတွင်း သူမတို့ ပုံမှန်စားသည်ထက် အသားပိုများသည်။

ကုယန်ရှန် ပြန်ရောက်နေတာကို ကုချင်းယောင် မြင်တဲ့အခါ အံ့အားသင့်သွားသည်။

"ယောင်ယောင် ဒါတွေက ဘယ်ကရတာလဲ။ ဘာလို့ ဒီလောက်များနေရတာလဲ။"

ကုချင်းယောင် ပြန်မဖြေခင် ဝက်သားနီကို ချလိုက်သည်။ "တောရိုင်းပင်နဲ့ မှိုတွေကို ကိုယ်တိုင် ရှာတွေ့ခဲ့တာ။ ငှက်တစ်ကောင်ကို သမီးဖမ်းမှပြီး ကျန်တာကို အစ်ကိုဖေးဟန် ပေးလိုက်တာ။"

"သမီး အိမ်ပြန်လမ်းမှာ သူက ပြေးလာပြီး ငှက်တစ်ကောင်နဲ့ ယုန်‌တစ်ကောင်ပေးတယ်။ မှိုနှစ်ကီလိုဂရမ် အပြင် ငှက်ဥ ဆယ်လုံးကို ပြန်ပေးလိုက်တယ်။"

ကုယန်ရှန်က ခေါင်းညိတ်ပြီး ဘာမှပြန်မပြောပေ။

သူတို့မိသားစုက မိုဖေးဟန်ရဲ့မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသည်။ ကုချင်းယောင်နဲ့ မိုဖေးဟန်က အတူတူကြီးပြင်းခဲ့ပြီး သူငယ်ချင်းကောင်းများ ဖြစ်ကြသည်

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora