Ch 103&104

409 61 0
                                    

Ch 103

အရင်ဘဝတုန်းက ကျောက်ကျန်းကော်က တစ်လလောက် အိပ်ယာထဲမှာ လှဲနေခဲ့သည်။ တစ်ဘက်ကတော့ ရိုက်နှက်ခံရကာ လူတွေကို မသိစေချင်တာကြောင့် ဖြစ်သည်။ နောက်တစ်ဘက်အနေနဲ့ အပြင်မှာ တစ်ညလုံး ကုန်ဆုံးပြီးနောက် အအေးမိသွားတာကြောင့် အချိန်အကြာကြီး နေမကောင်း ဖြစ်‌တာဖြစ်သည်။

ဒီတစ်ခါတော့ ကုချင်းယောင်က သူ့ကို ရိုက်နှက်တော့မှာ ဖြစ်သည်။

သူတို့နောက်ကို အချိန်အတော်ကြာအောင်လိုက်ပြီးနောက် ထိုလူက ကျောက်ကျန်းကော်ကို လမ်းဘေးသို့ တွန်းချလိုက်ပြီး အိတ်နှင့် ကျောက်ကျန်းကော်ရဲ့ ပါးစပ်ထဲက အဝတ်ကို ဖယ်ရှားပြီး အနီးအနားတွင် လူမရှိသဖြင့် အမြန်ထွက်ခွာသွားခဲ့သည်။

ကုချင်းယောင်က အနီးနားတွင် ပုန်းအောင်းနေခဲ့သည်။ထိုလူထွက်သွားပြီးနောက်တွင် သူမက ချုံပုတ်ထဲမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ကျောက်ကျန်းကော်က မူးမေ့လဲနေပြီး လမ်းဘေးတွင် လဲကျသွားသည်။ ကုချင်းယောင်က ရယ်မောလိုက်သည်။ ဒီနေ့ မင်းကို ငါဂရုစိုက်ပေမယ်။

Space ထဲက အ၀တ်စကိုယူပြီး ပါးစပ်ကို ထည့်ကာ ရေအေးပုံး တစ်ပုံးကိုယူကာ သူ့အပေါ် လောင်းချလိုက်သည်။

ရေက အေးခဲနေပြီး ဆောင်းဦးညတွင် အအေးဓာတ်က သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ကျောက်ကျန်းကော်က ချက်ချင်းပင် တုန်လှုပ်သွားပြီး ဖြည်းညှင်းစွာ လှည့်လာသည်။ သူမျက်လုံးမဖွင့်ခင် ကုချင်းယောင်က သူ့ကို အိတ်တစ်လုံးနှင့် အမြန်ဖုံးလိုက်သည်။ ထို့နောက် သူမက စောစောက သူမပြင်ဆင်ထားတဲ့ တုတ်ကို space ထဲကနေ ယူပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်သည်။

ပခုံး၊ ကျော၊ ဗိုက်၊ တင်ပါး၊ ပေါင်…

ဒီနေရာအားလုံးက ဒဏ်ရာအပြင်းအထန် မရသော်လည်း အရိုက်ခံရသောအခါ အလွန်နာကျင်လှသည်။ သူမက ဆေးပညာကို လေ့လာခဲ့ပြီး ဘယ်လောက်တောင် ပြင်းထန်တယ်ဆိုတာကို သိသည်။

ဘမ်း! ဘမ်း! ဘမ်း! ထိုအသံနဲ့အတူ သစ်သားတုတ်ကို သူ့အသားပေါ် ပြင်းထန်စွာရိုက်လိုက်သည်။ ကျောက်ကျန်းကော်က သူရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ချက်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး အဆက်မပြတ် ညည်းညူနေလေသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now