Ch 25&26

1.1K 151 0
                                    

Ch 25

မနေ့က သူမရခဲ့တဲ့ ငါးတွေထဲက အကြီးဆုံး နှစ်ကောင်ကို သိမ်းထားပြီး ကျန်တာတွေအကုန် သုံးလိုက်သည်။

သူမက ငါးများကို မချက်ခင် ခဏပြုတ်ထားလိုက်သည်။ ထို့နောက် ငရုတ်သီး၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း စသဖြင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပေါင်းလိုက်သည်။

နောက်ဆုံး ကြက်ဥနှစ်လုံး ခေါက်ထည့်ပြီး လောင်းထည့်လိုက်သည်။

တကယ်တော့ ဒါက ငါးဟင်းရည်ဆိုပင်မဲ့ အဖြူလိုမျိုး မဟုတ်ပေ။ အဲဒီအစား ငံပြာရည်နဲ့ ငါးကို ပြုတ်လိုက်သည်။ ဒီငါးဟင်းချို အမျိုးအစားက အထူးသဖြင့် ထမင်းနဲ့ လိုက်ဖက်သည်။

ပေါင်မုန့်မရှိသော်လည်း ပြောင်းဖူးပန်ကိတ်ရှိသေးသည်။ ပြောင်းဖူးပန်ကိတ်ကို ငါးစွပ်ပြုတ်ဖြင့် စားရင် အရသာပိုကောင်းသည်။

ငါးက အများကြီးရှိတော့ အားလုံးကို ချက်ပြုတ်ဖို့အတွက် အိုးနှစ်လုံး သုံးရသည်။

ကုချုံးဟွား၊ ဝမ်ရူယွီနဲ့ ကုယန်ရှန် ပြန်ရောက်တဲ့အခါ တစ်အိမ်လုံး မွှေးကြိုင်နေသည်။

"ကောင်းလိုက်တဲ့အနံ့ ဒီကလေး ဘာလုပ်နေတာလဲ။ ဒီအချိန်မှာ ထမင်းချက်နေပြီလား။" လို့ ကုချုံးဟွားက မေးသည်။

အဘွားဝမ်ရူယွီက မီးဖိုချောင်ထဲ လှမ်းကြည့်ပြီး "ယောင်ယောင် သမီးဘာလုပ်နေတာလဲ?"

ကုချင်းယောင်က အားလုံးပြန်လာသည်ကို မြင်တဲ့အခါ ပြုံးပြလိုက်သည်။ "အဘွား နေ့လယ်စာ အဆင်သင့်ဖြစ်ပြီ။ ငါးစွပ်ပြုတ်နဲ့ ပြောင်းဖူးပန်ကိတ်လုပ်ထားတယ်။ မြန်မြန်ရှင်းပြီး စားလို့ရပြီ။"

စားနပ်ရိက္ခာ သက်သာစေဖို့အတွက် လယ်သမားတွေက မနက်စာ မစားဘဲ နေ့လယ်စာ နည်းနည်းဘဲ စားကြသည်။ဒါနဲ့ ပတ်သတ်ပြီး မထူးဆန်းပေ။

စားပွဲကို သန့်ရှင်းရေး လုပ်ပြီးတာနဲ့ ကုချင်းယောင်က ငါးစွပ်ပြုတ်ကို ယူလာခဲ့သည်။ မွှေးကြိုင်နေတဲ့ ငါးစွပ်ပြုတ်အပြည့် တစ်အိုးရဲ့ အသွင်အပြင်က အလွန်စားချင်စရာ ကောင်းလှသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now