Ch 69&70

819 123 0
                                    

Ch 69

ဒီခေတ်အခါက အရင်းအမြစ်များ ရှားပါးလာကာ ပုဂ္ဂလိက အပေးအယူများကို တားမြစ်ခံရထားပြီး ကုန်စည်များကို ရွှေ့ပြောင်းရန် ခက်ခဲသည်။ ကျေးလက်တွင် နေထိုင်ကြတဲ့ ပြည်သူများက သူတို့ရဲ့ စားနပ်ရိက္ခာကို စိုက်ပျိုးကြသော်လည်း မြို့သူမြို့သားများက အစိုးရထံမှ စားနပ်ရိက္ခာများ ရရှိကြသည်။ ထိုအရာများကို ဝယ်ယူရန် ပိုက်ဆံနဲ့ ကူပွန်များ လိုအပ်သည်။

အများစုက စားစရာမလောက်ပေ။ အသက်ရှင်သန်ရန်အတွက် သူတို့က မှောင်ခိုဈေးကွက်တွင် ဈေးကြီးတဲ့ အစားအစာများကို အတင်းအဓမ္မ ဝယ်ယူခဲ့ကြရသည်။

ဒီခေတ်မှာ အစားအသောက်က အထူးတန်ဖိုးရှိသည်။

ကုချင်းယောင်က မြို့ထဲတွင် မှောင်ခိုဈေးကွက်များစွာရှိတာကို သိသည်။

သူမက သူမရဲ့ခြင်းတောင်းကို မှောင်ခိုဈေးတစ်ခုဆီ သယ်သွားခဲ့သည်။ ထိုနေရာက ပွင့်လင်းတဲ့ နေရာတွင် တည်ရှိသည်။ အရေးကြီးဆုံးကတော့….....အဲဒီနေရာက ထွက်ပြေးရတာ ပိုလွယ်သည်။ သူမမှာ ပိတ်ဆို့ထားတဲ့ မြင်ကွင်းတစ်ခုရှိပြီး အရာအားလုံးကို တစ်ချက်တည်း ကြည့်နိုင်သည်။

ကုချင်းယောင်က သူမရဲ့ခြင်းတောင်းကို ကျောပေါ်တွင် ထမ်းကာ ပစ်မှတ်ကို ရှာရန် လူအုပ်ထဲသို့ ဝင်လိုက်သည်။

လူအများစုက အစားအသောက်ဝယ်ရန် ဒီနေရာတွင် ရှိနေကြသည်။ မဟုတ်ရင် မှောင်ခိုဈေးကွက်တွင် သူတို့က ဘာကြောင့် ရှိနေမည်နည်း။

ကုချင်းယောင်က နောက်ကျောမှာ ခြင်းတောင်းတစ်ခုနဲ့ ပေါ်လာသဖြင့် လူတိုင်းက သတိထားမိကြသည်။

သူမရဲ့ခြင်းတောင်းက လေးလံလှသည်။ တစ်ခုခုပါတယ်ဆိုတာ ပြောနိုင်သည်။

ကုချင်းယောင်က ခဏလောက် လှည့်ပတ်ကြည့်လိုက်ပြီး အနည်းငယ်ပိုကောင်းတဲ့ အဝတ်အစားဝတ်ထားတဲ့ အဘွားအိုတစ်ယောက်ကို တွေ့လိုက်သည်။ သူမရဲ့ဘေးတွင် သူမသားဟု ယူဆရသော လူငယ်တစ်ယောက်က ရပ်နေပါသည်။

ကုချင်းယောင်က မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူမဘေးကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူမက အသံကို လျှော့ပြီး သက်ကြီးရွယ်အိုအသံဖြင့် ပြောသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now