Ch 55&56

815 111 0
                                    

Ch 55

မိုဖေးဟန် ဆက်နေဖို့ သဘောတူပြီးနောက် ကုချင်းယောင်က ကျောက်မိသားစုဖက်ကို လှည့်ကာ သူမရဲ့ မျက်နှာပေါ်တွင် တောက်ပတဲ့အပြုံးတစ်ခုဖြင့် "အဘိုး၊ အဖွား၊ ဦးလေး၊ ဒေါ်လေးတို့ မကြာခင် ဒီမှာ ညစာစားတော့မှာ။ ဒီကိုရောက်နေပြီဆိုတော့ ညစာ စားဖို့ နေပါလား။"

"အစ်ကိုဖေးဟန်က သမီးကို အသားနည်းနည်း ပေးထားတယ်။ အစ်ကိုကြီးရဲ့ ကျန်းမာရေး ပိုကောင်းအောင် ချက်ပေးပါ့မယ်။ ဒါမှ သူ ပိုမြန်မြန် နေကောင်းလာမှာ။"

သူမရဲ့အပြုံးက အလွန်တောက်ပနေသည်။

သူမက ပိန်ပါးပြီး မတ်မတ်ရပ်နေတဲ့ 15 နှစ်အရွယ် မိန်းမပျိုလေး ဖြစ်သည်။

ကုချင်းယောင်က အလှတရားဖြစ်သည်ကို ဒီနေရာရှိ လူတိုင်းက သိကြသည်။ ဒါပေမဲ့ သူမက ကုမိသားစုမှာ မွေးဖွားလာတာ ဖြစ်လို့ သူမကို သိပ်အာရုံမစိုက်ကြပေ။ အထူးသဖြင့် သူမက အေးအေးဆေးဆေးဖြစ်ပြီး အိမ်ကနေ တော်ရုံတန်ရုံ မထွက်တာဘဲ နှိမ့်ချစွာ နေတတ်သူ ဖြစ်သည်။

ဒါပေမဲ့ နောက်ဆုံးမှာ လှပတဲ့ အမျိုးသမီးတစ်ယောက်က အလွယ်တကူ မျက်စိဖမ်းစားမိ၏။

သူမရဲ့ တောက်ပတဲ့အပြုံးက အေးစက်နေသော်လည်း  ကျောက်မိသားစုက သတိမထားမိပေ။

လောဘကြီးပြီး ပျင်းရိတဲ့ ကျောင်မိသားစုက အစားကောင်း အသားကောင်းတွေ ချက်ပြုတ်ကာ သူတို့ကို ကျွေးမယ်လို့ ကြားတဲ့အခါ ဝမ်းသာသွားပြီး ချက်ချင်း ပြုံးလိုက်သည်။

ဆရာကြီးကျောက်က ကုချင်းယောင်ကို ဦးစွာ သဘောတူ ခေါင်းညိတ်ပြခဲ့သည်။ "အမ် ချင်းယောင်က အရမ်းဉာဏ်ကောင်းတာဘဲ။ မြန်မြန်ချက် အလုပ်မြန်မြန်လုပ် မဟုတ်ရင် ငါတို့အိမ်ပြန်တဲ့အခါ မှောင်နေ့လိမ့်မယ်။"

သူက အရှက်မဲ့သူတစ်ယောက် ဖြစ်သည်။

ဒါပေမဲ့ ကုချင်းယောင်က ဂရုမစိုက်ပေ။

အကြီးဆုံးကျောက်နှစ်ယောက်တွင် ကျောက်ကျန်းကော်က အရှက်မဲ့ဆုံး ဖြစ်သည်။ ထိုစကားကို ကြားတာနဲ့ ချက်ချင်း ရယ်ပြီး "ယောင်ယောင် မင်းက အရမ်းသိတတ်တာဘဲ မင်းအဖေလို မဟုတ်ဘူး။ မြန်မြန်ချက် ငါစေောင့်နေမယ်။"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now