Ch 75&76

767 117 0
                                    

Ch 75

မြို့တော်ရဲ့ ကုန်စုံဆိုင်များတွင် ကုန်ပစ္စည်းအမျိုးပေါင်း ပိုများလာသည်။

ကုချင်းယောင်က လှည့်ပတ်ပြီး ဒီမျိုးဆက်အတွက် ထူးခြားတဲ့ တစ်ခုခုကို ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမအနေနဲ့ အဲဒါတွေကို အနာဂတ်မှာ သုံးချင်တယ်ဆိုရင် ပိုအဆင်ပြေမှာပါ ဖြစ်သည်။

သူမက အထည်အချို့ဝယ်ရန် ပထမဆုံးသွားခဲ့သည်။သူမရဲ့မိသားစုမှာ ကြီးမားလှသည်။ အစ်ကိုငယ်များက တစ်နှစ်ထက်တစ်နှစ် အရပ်ပိုမြင့်လာသော်လည်း သူမတို့ဝတ်တဲ့အဝတ်များက အစ်ကိုတို့ထံမှဖြစ်သည်။တချို့က လူကြီးအဝတ်အစားများကို မွမ်းမံပြင်ဆင်ထားကြသည်။ တချို့မှာ အဝတ်အစားအသစ်မရှိသလောက်ပင်။

ကုချင်းယောင်က အထည်အမြောက်အမြားကို ဝယ်ယူခဲ့ပြီး အများစုမှာ ရိုးရှင်းတဲ့ ချည်ထည်များဖြစ်သည်။

ဇယားကွက်ပုံစံဖြင့် လှပတဲ့ beaver အထည်နှစ်ထည်ကိုလည်း ဝယ်ယူခဲ့သည်။ သူမတွင် ပိုက်ဆံအလုံအလောက်ရှိတာကြောင့် ဝယ်ယူရန် မတွန့်ဆုတ်ခဲ့ပေ။

ကလေးကြိုက်တဲ့ နို့မှုန့်တွေလည်း ဝယ်သည်။

ထို့နောက် သူမက Maotai Spirit ကို ဝယ်သွားခဲ့သည်။မိသားစုအတွင်းရှိ အမျိုးသားများအားလုံးက ဒီအရက်ကို ကြိုက်နှစ်သက်ကြသည်။ Maotai 6 ပုလင်းနဲ့ Daqianmen စီးကရက် 10 ထုပ်က ကုချင်းယောင်ရဲ့ငွေကို အများအပြား ကုန်ကျစေသည်။

အရက်နဲ့ စီးကရက်တွေက တကယ်ကို စျေးကြီးပါသည်။ သူမက အရမ်းချမ်းသာပေမယ့် သူမမှာ ပိုက်ဆံမလောက်ဘူးလို့ ခံစားမိနေတုန်းပါဘဲ။

နောက်ဆုံးတွင် တင်သွင်းတဲ့ နာရီတစ်လုံးဝယ်နိုင်ကာ ယွမ်ရာဂဏန်းသာ ကျန်ခဲ့သည်။

သူမက အချိန်အတော်ကြာ စဉ်းစားပြီး အစ်ကိုတွေ ပြန်လာတဲ့အခါ လက်ဆောင်အဖြစ် ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ အစ်ကိုတိုင်းအတွက် တစ်လုံးဝယ်ရန် အခုအချိန်တွင် သူမမှာ ပိုက်ဆံအလုံအလောက်မရှိသော်လည်း လူတိုင်းအတွက် တစ်လုံးရရန်အတွက် သူမက တဖြည်းဖြည်း ငွေရှာနေသည်။

စျေးဝယ်ပြီးနောက် ငွေအနည်းငယ်သာကျန်တော့သည်။ သူမက မှောင်ခိုဈေးကွက်တွင် အကြိမ်အနည်းငယ်လောက် လှည့်ပတ်ပြီး ယွမ် 200 ရခဲ့သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora