Ch 33&34

1K 144 1
                                    

Ch 33

သူက နှစ်ပေါင်းများစွာ စစ်သားဖြစ်ခဲ့သည်။ ထိုနှစ်များအတွင်း မစ်ရှင်များတွင် တောင်တန်းများနဲ့ ရှေးဟောင်းသစ်တောများစွာကို နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့သည်။ သူက အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပြီး ထိုကဲ့သို့ ခရီးများစွာကို မကြာခဏ သွားခဲ့ဖူးသည်။

လက်ရှိ မိုဖေးဟန်က သူရဲ့ အရင်ခန္ဓာကိုယ်နဲ့ မတူပေ။ ပြန်လည်မွေးဖွား လာပြီးနောက်တွင် သူက အရင်ဘဝက တစ်သက်တာ အတွေ့အကြုံကို ထိန်းသိမ်းထားခဲ့သည်။ သူက အရင်ကထက်တောင် ပိုကျွမ်းကျင်ပြီး အရည်အချင်းရှိလာသည်။

ဒါပေမဲဘ ကုချင်းယောင်ကို စိတ်ပူတာကြောင့် သူမ အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့မှာ ကြောက်တာကြောင့် တောင်နက်ထဲထိ စွန့်စားရနိ မရည်ရွယ်ပေ။

ဒီတောင်ကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် မြက်ခင်းထဲ မရပ်သွားခင် ချိုင့်ဝှမ်းတစ်လျှောက်မှာ အချိန်တော်တော်ကြာ လမ်းလျှောက်ခဲ့ကြသည်။

မိုဖေးဟန်က ကုချင်းယောင် ထိုင်ရန်နေရာတစ်ခုကို ရှာခဲ့ပြီး "ဒီမှာ ခဏအနားယူပါ။ အစ်ကို ထောင်ချောက်တွေချပြီး ညီမကို လိုက်ပို့ပေးမယ်။"

"ညီမလည်း ကူညီမယ်လေ။ လူနှစ်ယောက်လုပ်တော့ ပိုမြန်တယ်လေ။"

"မလိုပါဘူး။" မိုဖေးဟန်က သူမကို အပြတ်ငြင်းလိုက်သည်။ "ဒီလောက်ကြာအောင် လမ်းလျှောက်ပြီးရင် ပင်ပန်းနေမှာ အနားယူနေလိုက် မဟုတ်ရင် ဒီနေရာမှာ တောရိုင်းပင်နဲ့ မှိုတချို့ကို ရှာနိုင်တယ်။ ဒီကိုလာတဲ့သူတွေက နည်းနည်းလေးမလို့ ညီမ တော်တော်များများ ရှာတွေ့လိမ့်မယ်။"

ကုချင်း‌ယောင်က ပတ်ဝန်းပျင်ကို ကြည့်ပြီး "ကောင်းပြီ။"

ဒီနေရာမှာ မြက်ခင်းငယ်တစ်ခု ဖြစ်ပြီး ချိုင့်ဝှမ်းတစ်လျှောက် စီးဆင်းနေတဲ့ စမ်းချောင်းငယ်တစ်ခုလည်း ရှိသည်။ တိရိစ္ဆာန်ငယ်လေး များစွာက ဒီဒေသကို မကြာခဏ လည်ပတ်လေ့ ရှိတာကြောင့် မိုဖေးဟန် ဖြတ်သွားတဲ့အခါ ထောက်ချောက်တချို့ကို ထားချင်သည်မှာ သဘာဝပင် ဖြစ်သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now