Ch 39&40

1K 141 1
                                    

Ch 39

ကုချင်းယောင်က လှောင်ပြောင်ပြီး သူမအခန်းဆီကို လျှောက်သွားကာ သူမတို့နှစ်ယောက်နဲ့ စကားပြောရန် စိတ်မဝင်စားပေ။

ကျောက်ရှောင်ဟွေ့နဲ့ ကုရုန်ချင်းတို့က တစ်ခုခု ပြောချင်နေသော်လည်း တံခါးပိတ်သံကိုသာ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ကုယန်ရှန်က သူ့အခန်းထဲ ဝင်သွားပြီး တံခါး သော့ခတ်သွားတာကို တွေ့လိုက်ရသည်။

ကျောက်ရှောင်ဟွေ့ "......"

သူမက တံခါးကို ခဏလောက် စိုက်ကြည့်ပေမဲ့ ကုယန်ရှန်ကို တံခါးဖွင့်ပေးဖို့ မတောင်းဆိုပေ။ သူမက ကုရုန်ချင်းရဲ့အခန်းကို သွားပြီး သူမ (ကုရုန်ချင်း) နဲ့အတူ အိပ်သည်။

ကုချင်းယောင်က သူမအခန်းအပြင်ဘက်တွင် ဖြစ်ပျက်သမျှကို မြင်လိုက်ရသည်။ သူမအဖေက ဒီလိုမိန်းမမျိုးကို ရွံ့ရှာနေတယ်ဆိုတာ သူမ နားလည်သည်။ ဒါပေမဲ့ သူက သူမကို စွန့်လွှတ်လို မရေပေ။ တိတိကျကျ ပြောရရင် သူမအဖေက အခု အန္တရာယ်ကို မယူချင်သေးပေ။

ကျောက်ရှောင်ဟွေ့က ယုတ္တိမတန်တဲ့ လူယုတ်မာတစ်ယောက်သာ ဖြစ်သည်။ သူမမိသားစုတစ်ခုလုံးကလည်း ဒီလိုဘဲ ဖြစ်သည်။

ကျောက်မိသားစု အားလုံးက ဆင်းရဲတဲ့ လယ်သမားဖြစ်သော်လည်း ကုမိသားစုက မြေပိုင်ရှင်များ ဖြစ်သည်။ ယခုခေတ်တွင် သူတို့ရဲ့ အထောက်အထားက သိမ်မွေ့လွန်းသည်။ တစ်ခုခု ဖြစ်ခဲ့ရင် အကုန်လုံးက ကုမိသားစုရဲ့ အပြစ် ဖြစ်သည်။

ဒီခေတ်မှာ မြေပိုင်ရှင်ရဲ့ အတွေးအမြင်ကို ဘယ်သူမှ ဂရုမစိုက်ပေ။ တကယ်လို့ သူမအဖေက ကျောက်ရှောင်ဟွေ့နဲ့ ကွာရှင်းလိုလျှင် သူမ သွားစရာနေရာ မရှိပေ။ ကုမိသားစုထံမှ ကောင်းတဲ့ထောက်ပံ့မှု မရှိဘဲ သူမက နောက်ထပ်အခက်အခဲများကို သေချာပေါက် ခံရမည် ဖြစ်သည်။

သူမ ဘာလုပ်တယ်ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ပေမဲ့ ကုမိသားစုက ဒါကို သည်းမခံနိုင်ပေ။

အဘိုးအဖွားနှစ်ယောက်လုံးက အသက်ကြီးပြီ။ တစ်ခုခု ဖြစ်ခဲ့ရင် သူတို့အသက် အန္တရာယ်တောင် ကျရောက်နိုင်သည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now