Ch 67&68

835 112 0
                                    

Ch 67

သူ့အငယ်ဆုံးသမီးလေးကို ကြည့်ပြီး ဒီမိန်းကလေးဟာ မကြာသေးခင်က သိသိသာသာ ပြောင်းလဲသွားတယ်လို့ ခံစားရသည်။ အခုတွင် သူမက ပိုရဲရင့်လာသည်။ ထို့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမက ကုရုန်ချင်းနဲ့ ကျောက်ရှောင်ဟွေ့ တို့ကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် တချို့ရှိပုံပေါ်သည်။

ကုယန်ရှန်က သူ့သမီးအငယ်ဆုံးကို အမြဲလိုလို အလိုလိုက်တာကြောင့် သူမကို ခွင့်ပြုလိုက်သည်။

ဒါကြောင့် ကုယန်ရှန်က "မင်းတို့ နောက်နှစ်ရက်နေရင် နွားလှည်းနဲ့ လိုက်ပို့ပေးမယ်။ အဖေက မြို့က လူနာတစ်ယောက်ကို သွားကြည့်ဖို့ လိုတော့ ည မပြန်လာတော့ဘူး။ အိမ်ကို စောစော ပြန်လာရမယ် နားလည်လား။"

ကုချင်းယောင်က ဒီလိုကြားရတဲ့အတွက် ဝမ်းသာသွားသည်။ "ဟုတ်ကဲ့ သမီး သေချာပေါက် ဂရုစိုက်မှာပါ။"

နှစ်ရက်အကြာတွင် ကုချင်းယောင်က အားလုံးအဆင့်သင့် ဖြစ်နေပါပြီ။ နေမထွက်ခင် သူမ ထသည်။ ထို့နေ့တွင် ကုရုန်ချင်းနဲ့ ကျောက်ရှောင်ဟွေ့တို့ စောစောထကြသည်။ သူမတို့ ဂရုတစိုက် ဝတ်ဆင်ထားတယ်ဆိုတာ သူမ ပြောနိုင်သည်။

သူမတို့မှာ ကောင်းမွန်တဲ့အရာတွေ မရှိပေမဲ့ ခါတိုင်းထက်တော့ ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။

ကုယန်ရှန်က သတိမထားမိဟန်ဆောင်လိုက်သည်။ ကုယန်ရှန်က တပ်မဟာကနေ လှည်းကို ငှားထားပြီးပြီ ဖြစ်သည်။ သူတို့က လှည်းပေါ်တက်ပြီး မြို့ကို ဦးတည်ပြီး ထွက်လာခဲ့သည်။

မြို့ကို ရောက်တဲ့အခါ နေထွက်နေပြီ ဖြစ်သည်။

ကုယန်ရှန်က ကျောက်ရှောင်ဟွေ့နဲဘ ကုရုန်ချင်းတို့ကို သူတို့ရဲ့ အလုပ်ကြောင်း ပြောပြခဲ့သည်။ ကုချင်းယောင်က သူမကိုယ်တိုင် ပါဆယ်ထုပ်ကို တင်ဖို့ ယူလာခဲ့သည်။

နွားလှည်းကို သီးခြားနေရာတစ်ခုကို မောင်းနှောင်လာပြီး ကုယန်ရှန်က "သမီး အရာရာကို ပြင်ဆင်ပြီးပြီလား?"

ကုချင်းယောင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ အိမ်မှာ အကုန်ထုပ်ပိုးထားတယ်။"

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now