Ch 71&72

960 135 0
                                    

Ch 71

သူမက တခြားမှောင်ခိုဈေးကွက်ကို သွားပြီး မှင်ကျောက်၊ မိတ္တူစာအုပ်တစ်အုပ်နဲ့ ငွေသား ယွမ် 200 ကျော်ကို အရောင်းအ၀ယ်လုပ်ပြီးနောက် ရပ်တန့်ခဲ့သည်။

မနက်ဆယ်နာရီလောက်ရှိကာ စောနေသေးသည်။

ကုချင်းယောင်က မြို့ကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ မြို့ရဲ့မှောင်ခိုဈေးကွက်မှာ ပိုကောင်းတဲ့ပစ္စည်းတွေ ရှိလိမ့်မည် ဖြစ်သည်။

ဒါပေမယ့် ပထမတော့ သူမက စက်ဘီးဝယ်ဖို့ လိုအပ်သည်။

အဲဒီမတိုင်ခင်မှာ သူမ စာတစ်စောင် ပို့ဖို့လိုသည်။

သူမက ပြည်နယ်မြို့တော်မှာ နေထိုင်တဲ့ တတိယအစ်ကိုဖြစ်သူ ကုကျင်းလင်ထံ စာတစ်စောင်ရေးပြီး နှစ်သစ်ကူးမှာ သူမ‌အ‌ဖေကို စီရင်စုမြို့တော်ကို ခရီးထွက်ဖို့ နည်းလမ်းရှာခိုင်းခဲ့သည်။

ပထမနဲ့ ဒုတိယဦးလေးတို့ အားလုံးက ဝေးကွာတဲ့ တခြားနေရာများ နေထိုင်ကြပြီး တတိယဦးလေးရဲ့ မိသားစုက သူမတို့နဲ့ အနီးဆုံးနေထိုင်ကြသည်။

ကုချင်းယောင်က သူမရဲ့တတိယအကိုဖြစ်သူက သေချာပေါက် ကူညီပေးမှာကို သိသည်။

သူမတို့မိသားစုထဲက မြေးတွေအားလုံးက သမီးနှစ်ယောက်ရှိတဲ့ သူမအဖေကလွဲရင် ယောက်ျားလေးတွေဖြစ်သည်။ ကုရုန်ချင်းက ကျောက်ရှောင်ဟွေ့ကဲ့သို့ပင် ငယ်စဉ်ကတည်းက ပျင်းရိပြီး ရိုင်းဆိုင်းသည်။

အရင်တုန်းကတော့ သူမက နာခံမှုရှိပြီး ရင့်ကျက်မှုလည်း ရှိခဲ့သည်။ သူမက အိမ်မှာ အေးအေးဆေးဆေး အိမ်မှုကိစ္စတွေကို လုပ်ပြီး လူကြီးတွေရဲ့ အလုပ်တွေကို ကူညီပေးခဲ့သည်။ ဒါ့အပြင် သူမအဖေက သူမကို အမြဲတမ်း အလိုလိုက်နေတာကြောင့် နောက်ပိုင်းမှာ မိသားစုအားလုံးကလည်း သူမကို အလိုလိုက်ကြသည်။

အတိတ်က သူမ ဘယ်လိုပြုမူခဲ့သလဲဆိုတာကို တွေးကြည့်တော့ လူတိုင်းက သူမကို နာခံမှုအရှိဆုံးနဲ့ ချစ်စဖွယ်အကောင်းဆုံး မိန်းကလေးလို့ လူတိုင်းက ထင်ခဲ့ကြဖူးသည်။

ဒါကြောင့် မိသားစုထဲက လူတိုင်းက အဘိုးအဘွားတွေ၊ ဦးလေး ဒါမှမဟုတ် ဝမ်းကွဲဝမ်းကွဲတွေပဲ ဖြစ်ဖြစ် သူမကို အလိုလိုက်ကြသည်။

ချိုမြိန်တဲ့ ဇနီးသည်ဆရာဝန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now